ရှင်မဿဲခရစ်ဝင် 6:4
မ ထင်ရှားသောအရာကို မြင် တော်မူသောသင် ၏အဘ သည် အကျိုး ကိုထင်ရှားစွာ ပေး တော်မူလတံ့။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 17:3အကျွန်ုပ် နှလုံး ကို စစ်ဆေး တော်မူပါ။ ညဉ့် အခါ အကျွန်ုပ် ကို အကြည့်အရှု ကြွလာတော်မူပါ။ အကျွန်ုပ်ကို စစ်ကြော သောအခါ အဘယ်အပြစ် ကိုမျှ တွေ့ တော်မ မူ ရာ။ အကျွန်ုပ်အကြံ အစည်သည် အကျွန်ုပ် စကား နှင့် မ ခြားမနားပါ။
Psalms 139:1အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ကို စစ်ကြော ၍ သိ တော်မူ၏။
Jeremiah 17:10ငါ ထာဝရဘုရား သည် လူ အသီးအသီးတို့အား မိမိ တို့အကျင့် အတိုင်း ၊ မိမိတို့ခံထိုက်သော အကျိုး အပြစ် ကိုပေး ခြင်းငှါ ၊ နှလုံး ကျောက်ကပ် တို့ကို စေ့စေ့စစ်ကြော တတ်၏။
Matthew 6:6သင် သည် ဆုတောင်း သောအခါ ဆိတ်ညံ ရာအခန်းသို့ ဝင် ၍ တံခါး ကိုပိတ် ပြီးမှ ၊ မ ထင်ရှားသောအရပ်၌ ရှိတော်မူသော သင် ၏အဘ ကို ဆုတောင်း လော့။ မ ထင်ရှားသောအရာ ကို မြင် တော်မူသောသင် ၏အဘ သည် အကျိုးကို ထင်ရှားစွာပေး တော်မူလတံ့။
Matthew 10:42အကြင်သူ သည် တပည့် တော်၏ မျက်နှာ ကိုထောက်၍ဤ သူငယ် တစ်စုံတစ်ယောက်အား ရေ တစ်ခွက် ကို မျှ ပေး ၏။ ထိုသူသည် အကျိုး ကို မရဘဲမ နေရာ၊ ငါ အမှန် ဆိုသည် ဟု မှာထားတော်မူ၏။
Luke 8:17ဆိတ်ကွယ် ရာ၌ရှိ သမျှတို့သည် ထင်ရှား လိမ့်မည်။ ဝှက်ထား လျက်ရှိသမျှတို့သည်လည်းထင်ရှား စွာ ပွင့်လင်း လိမ့်မည်။