ရှင်မဿဲခရစ်ဝင် 9:28
အိမ် သို့ ဝင် တော်မူလျှင် ၊ မျက်စိ ကန်းသောသူ တို့သည် အထံ တော်သို့ ချဉ်းကပ် ကြ၏။ ကိုယ်တော်က လည်း၊ ဤအမှု ကို ငါတတ်နိုင် သည်ကို ယုံ သလော ဟု မေး တော်မူလျှင် ၊ ယုံ ပါ၏သခင် ဟု လျှောက် ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Matthew 8:2ထိုအခါ နူနာစွဲ သောသူတစ်ယောက်သည် ညွတ်ပြပ် လျက်၊ သခင် အလို တော်ရှိလျှင် ကျွန်တော် ကို သန့်ရှင်း စေနိုင် တော်မူသည်ဟု လျှောက် လေ၏။
Matthew 9:22ယေရှု သည် လှည့် ၍ ထိုမိန်းမ ကိုမြင် တော်မူလျှင် ၊ ငါ့သမီး ၊ မ စိုးရိမ်နှင့်။ သင် ၏ယုံကြည် ခြင်းသည် သင့် အနာကို ငြိမ်း စေပြီ ဟုမိန့် တော်မူ၏။ ထို ခဏ မှစ၍ ထိုမိန်းမ သည်အနာပျောက်ကင်း လေ၏။
Matthew 13:58မြို့သား များတို့သည် မယုံကြည် ကြသောကြောင့် ၊ ထို အရပ်၌ များစွာ သောတန်ခိုး ကိုပြ တော်မ မူ။
John 4:48ယေရှု ကလည်း၊ သင်တို့သည်နိမိတ် လက္ခဏာနှင့် အံ့ဖွယ် သောအမှုတို့ကို မ မြင် ရလျှင် ယုံ ခြင်းမ ရှိကြဟု မိန့် တော်မူသော်၊
John 11:40ယေရှု ကလည်း၊ သင် သည်ယုံ လျှင် ဘုရားသခင် ၏ဘုန်း အာနုဘော်တော်ကို မြင် ရလိမ့်မည်၊ ငါပြော ပြီ မ ဟုတ်လော ဟု မိန့် တော်မူ၏။