မိက္ခာအနာဂတ္တိကျမ်း 2:4
ထို ကာလ တွင် သင် တို့တဘက် ၌ ပုံ စကားကို သုံး ၍ ၊ အလွန်ပြင်းစွာမြည်တမ်း ရသောစကားဟူမူကား၊ ငါတို့သည် ရှင်းရှင်းပျက်စီး ကြပြီ။ ငါ့ အမျိုးသား ခံစားရသော အဘို့ ကိုလဲ ၍ ငါ့ လက်မှ ရုပ် တော်မူပြီတကား။ ငါ တို့ လယ်ကွက် များကို ရုပ်သိမ်း၍၊ သူတပါး တို့အား ဝေဖန် တော်မူပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of မိက္ခာအနာဂတ္တိကျမ်း 2
Cross References
Numbers 23:18ထိုအခါ ဗာလမ်သည်၊ ပရောဖက် စကားအားဖြင့် မြွက်ဆို သည်ကား၊ အိုဇိဖေါ် သား ဗာလက် မင်း၊ ထ လော့။ ငါ့ စကားကို စေ့စေ့နားထောင် လော့။
Numbers 24:15ပရောဖက် စကားအားဖြင့်မြွက်ဆို လေသည်မှာ၊ မျက်စိ ပွင့် သောသူ ဗောရ သား ဗာလမ် ၏စကား ၊
2 Samuel 1:17ဒါဝိဒ် သည် ရှောလု နှင့် သား တော် ယောနသန် ကြောင့် ငိုကြွေး မြည်တမ်း၍၊
2 Chronicles 35:25ယေရမိ သည်လည်း မြည်တမ်း သောစကားကို စီရင်၍ သီချင်း သည်ယောက်ျားမိန်းမ ရှိသမျှ တို့သည်၊ ယနေ့ တိုင်အောင် ယောရှိ မင်းကို အောက်မေ့ လျက် ၊ ထိုမြည်တမ်းသောစကားကို သုံးဆောင်သဖြင့်၊ ဣသရေလ ထုံးစံ ဖြစ်လေ၏။ ထိုစကားသည် မြည်တမ်း စာ၌ ရေး ထားလျက်ရှိသတည်း။
Job 27:1ယောဘ သည် လင်္ကာ စကားကိုဆက် ၍ မြွက်ဆို သည် ကား၊
Isaiah 14:4သင်သည် ဗာဗုလုန် ရှင်ဘုရင် ကို ရည်ဆောင်၍ ၊ ပုံ စကားကို ဤ သို့မြွက် ဆိုလိမ့်မည်။ အစိုး တရပြုသောသူသည် ဆုံး လေပြီတကား။ ရွှေမြို့တော်သည် ဆုံးလေ ပြီတကား။