မိက္ခာအနာဂတ္တိကျမ်း 2:9
ငါ့ လူ တို့၏မယား များကို သူ တို့သာယာ သော နေရာ ထဲက နှင်ထုတ် ၍၊ သူ တို့သား များမှ ငါ ၏ဘုန်း ကို အစဉ် နှုတ်ယူ ကြပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of မိက္ခာအနာဂတ္တိကျမ်း 2
Cross References
1 Samuel 26:19ယခု မှာ ကျွန်တော် သခင် ရှင်ဘုရင် ၊ ကိုယ်တော် ကျွန် စကား ကို နားညောင်း တော်မူပါ။ ထာဝရဘုရား သည် ကိုယ်တော် ကို ကျွန်တော် တစ်ဘက် ၌ နှိုးဆော် တော်မူသည် မှန်လျှင် ၊ ယဇ် ပူဇော်ခြင်းကို လက်ခံ တော်မူပါစေသော။ သို့မဟုတ် လူ သား တို့သည် နှိုးဆော်သည် မှန်လျှင် ၊ ထာဝရဘုရား ရှေ့ တော်၌ ကျိန် ခြင်းကိုခံ ကြပါစေသော။ အကြောင်း မူကား၊ သူတို့က သွား တော့။ အခြား တပါးသော ဘုရား တို့ကို ဝတ်ပြု တော့ဟု ဆို လျက် ကျွန်တော် ကို ထာဝရဘုရား ၏ အမွေ တော်မြေ၌ မနေစေခြင်းငှါယနေ့ ပင် နှင်ထုတ် ကြပါသည်တကား။
Jeremiah 10:20ငါ့ တဲ လည်းပျက် ၏။ ငါ့ ကြိုး ရှိသမျှ တို့လည်း ပြတ် ကြ၏။ ငါ့ သား တို့လည်း ငါ့ ထံမှထွက် သွား၍ ပျောက် ကြ၏။ နောက်တဖန်ငါ့ တဲ ကို ဆောက် ရသောသူ၊ ငါ့ ကုလားကာ တို့ကို ဆွဲကာ ရသောသူမ ရှိ။
Joel 3:6ယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သား တို့ကို နေရင်း ပြည် မှ အဝေး သို့ ပြောင်းစေလိုသောငှါ ၊ ဟေလသ အမျိုးသား တို့အား ရောင်း လိုက်သောကြောင့်၎င်း ၊
Habakkuk 2:14အကြောင်း မူကား၊ ပင်လယ် ရေ သည် မိမိနေရာ ကို လွှမ်းမိုး သကဲ့သို့ ၊ မြေကြီး သည် ထာဝရဘုရား ၏ ဘုန်း တော်ကို သိကျွမ်း ခြင်းပညာနှင့် ပြည့်စုံ လိမ့်မည်။
Matthew 23:13လျှို့ဝှက် သောကျမ်းပြု ဆရာ၊ ဖာရိရှဲ တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ကောင်းကင် နိုင်ငံ တော်၏ တံခါးကိုလူတို့ ရှေ့ မှာပိတ် ထား၍ မိမိ တို့လည်းမ ဝင် ၊ ဝင် လိုသောသူ တို့ကိုလည်း ဆီးတား ကြ၏။
Luke 20:47သူတို့သည် မုတ်ဆိုးမ အိမ် ကို လုယူ သိမ်းစား၍ အပြစ် မပေါ်စေခြင်းငှာရှည် စွာသောပဌနာ စကားကို ရွတ်တတ်ကြ၏။ ထိုသူ တို့သည် သာ၍ကြီးစွာ သောဒဏ် ကိုခံရ ကြလတံ့ ဟု မိန့် တော်မူ၏။