မိက္ခာအနာဂတ္တိကျမ်း 5:1
ယခု မူကား၊ အိုဗိုလ်ခြေ သတို့သမီး ၊ စည်းဝေး ၍ ခင်းကျင်း လော့။ ငါ တို့ကို ဝိုင်း ထားကြပြီ။ ဣသရေလ မင်း ၏ ပါး ကို ကြိမ်လုံး နှင့် ရိုက် ကြပြီတကား။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of မိက္ခာအနာဂတ္တိကျမ်း 5
Cross References
Genesis 49:10ရှိလောမရောက် မှီတိုင်အောင် ၊ ရာဇလှံတံ သည် ယုဒ ထံ မှ၎င်း၊ မင်း အာဏာသည် သူ၏အမျိုးအနွယ် ထံ မှ၎င်း မ ရွေ့ ရ။ ရှိလော ၌ လူမျိုး တို့သည် ဆည်းကပ် ကြလိမ့်မည်။
Deuteronomy 28:51သင် သည် မ ပျက်စီး မှီတိုင်အောင်၊ ထိုရန်သူသည် သင် ၏ သိုးသငယ်၊ နွားသငယ်၊ မြေ အသီးအနှံ ကို စား ရလိမ့်မည်။ သင့် ကို မ ဖျက်ဆီး မှီတိုင်အောင်၊ ဆန် စပါး၊ စပျစ်ရည် ၊ ဆီ ၊ သိုး နွား အစီး အပွားကို သင့် အဘို့ မ ချန် မထားရ။
Judges 17:7ယုဒ အမျိုး နှင့် စပ်ဆိုင်သော ဗက်လင် ယုဒ မြို့သားလေဝိ အမျိုး လုလင် တယောက်သည်၊ ဗက်လင်မြို့မှာ တည်းခို ၍ နေပြီးလျှင်၊
1 Kings 22:24ထိုအခါ ခေနာနာ ၏ သား ဇေဒကိ သည် ချဉ်း လာ ၍ မိက္ခါ ၏ ပါး ကို ပုတ် လျက် ၊ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် သင် နှင့်နှုတ်ဆက် ခြင်းငှါ အဘယ် လမ်းဖြင့် ငါ မှ ထွက် တော်မူသနည်းဟုမေး လျှင်၊
2 Kings 25:1ဇေဒကိမင်းနန်းစံကိုး နှစ် ၊ ဒသမ လ ဆယ် ရက် နေ့တွင် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ဗိုလ်ခြေ အပေါင်း တို့နှင့်တကွ ယေရုရှလင် မြို့သို့ စစ်ချီ သဖြင့် ၊ မြို့ ပတ်လည် ၌ တပ်ချ ၍ မြေကတုပ်တို့ကို တူးလုပ်ပြီးမှ၊”
Proverbs 8:23မြေကြီး မ ဖြစ်မှီ၊ ရှေ့ဦးစွာ သောကာလ၊ အနန္တ ကာလမှစ၍ ငါသည် ဘိသိက် ခံပြီ။