မိက္ခာအနာဂတ္တိကျမ်း 5:13
ထုလုပ် သော ရုပ်တု ဆင်းတုတို့ကို သင့် အလယ် က ငါပယ်ရှင်း ၍ ၊ ကိုယ် လက် နှင့်လုပ် သော အရာကို နောက် တဖန်သင်မ ကိုးကွယ် ရ။
မြန်မာကျမ်းစာ
In The King James Version
In Context
12သင် ၏နယ် ၌ စုန်း လုပ်သောသူတို့ကို ငါပယ်ရှင်း ၍ ၊ သင် ၌ ဗေဒင် ဟောသောသူမ ရှိ ရ။
14အာရှရ ပင်တို့ကိုလည်း သင့် အလယ် ၌ ငါနှုတ် ၍ ၊ သင် ၏မြို့ တို့ကိုလည်း ငါဖျက်ဆီး မည်။
Read all of မိက္ခာအနာဂတ္တိကျမ်း 5
Cross References
Isaiah 2:8သူ တို့ပြည် သည် ရုပ်တု ဆင်းတုနှင့်ကြွယ်ဝ ၍၊ မိမိ လက် နှင့်လုပ် သောအရာ၊ မိမိ လက်ချောင်း တို့နှင့် ဖန်ဆင်း သော အရာကို ပင် သူတို့သည် ဦးချ ကြသည် တကား။
Isaiah 27:9ထို သို့ယာကုပ် အမျိုးသည် ယဇ် ပလ္လင်ကျောက် တို့ ကို ထုံး ကျောက် ကဲ့သို့ ချိုးဖဲ့ ၍၊ အာရှရ ပင်နှင့် ရုပ်တု တို့ကို လှဲ သောအခါ ၊ မိမိ အပြစ် ပြေ ၍၊ အပြစ် ပြေရှင်းခြင်း အကျိုး ကျေးဇူးရှိသမျှ ကို ခံရလိမ့်မည်။
Ezekiel 16:41သင့် အိမ် တို့ကိုလည်း မီးရှို့ ၍ များစွာ သော မိန်းမ တို့ရှေ့ မှာ သင့် ကို အပြစ်ဒဏ် ပေးကြသဖြင့်၊ သင်သည် နောက်တဖန်ပြည်တန်ဆာ မလုပ်ဘဲနေစေခြင်းငှါ ငါပြု မည်။ နောက်တဖန် သင်သည်သူတပါးတို့ကို မငှါးရ။
Ezekiel 37:23နောက် တဖန် သူ တို့ရုပ်တု များ၊ စက်ဆုပ် ရွံရှာဘွယ်သော အမှုများ၊ လွန်ကျူး ခြင်းအမှုများနှင့် ကိုယ်ကိုမ ညစ်ညူး စေရကြ။ သူတို့ပြစ်မှား လေရာရာ အရပ် တို့မှ ငါကယ်နှုတ် ၍ သန့်ရှင်း စေမည်။ သူတို့သည် ငါ ၏ လူ ဖြစ် ကြလိမ့်မည်။ ငါ သည်လည်း သူ တို့၏ဘုရားသခင် ဖြစ် မည်။
Hosea 14:3အာရှုရိ မင်းသည် အကျွန်ုပ် တို့ကို မ ကယ်တင် ရ။ အကျွန်ုပ်တို့သည် မြင်းစီး သူရဲမ လုပ်ပါ။ ကိုယ် လက် ဖြင့် လုပ် သောအရာတို့အား ၊ ကိုယ်တော်တို့သည် အကျွန်ုပ် တို့၏ ဘုရား သခင်ဖြစ်ပါ၏ဟု နောက် တဖန် မ ဆို ပါ။ အကြောင်း မူကား၊ မိဘ မရှိသောသူတို့သည် ကိုယ်တော် ထံ၌ ကရုဏာ ကျေးဇူးကိုခံ တတ်ကြပါ၏ဟု လျှောက်ကြလော့။
Zechariah 13:2ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ပြည် တော်တွင် ရှိသောရုပ်တု တို့၏ နာမ များကို နောက် တဖန်အဘယ်သူမျှမ မှတ်မိ စေခြင်းငှါ၊ ထိုကာလ ၌ ငါသုတ်သင် ပယ်ရှင်းမည်။ ပရောဖက် လုပ် သောသူတို့ကို၎င်း ၊ ညစ်ညူး သော ဝိညာဉ် ကို၎င်း ပြည် တော်မှ နှင်ထုတ် မည်။