မိက္ခာအနာဂတ္တိကျမ်း 7:12
ထို ကာလ ၌ အာရှုရိ ပြည်နှင့် အဲဂုတ္တု မြို့ များမှ ၎င်း ၊ အဲဂုတ္တု ပြည်နှင့် မြစ် ကြီးစပ်ကြားအရပ်မှ၎င်း ၊ ပင်လယ် ကမ်းနားအရပ်ရပ်၊ တောင် ခြေရင်းအရပ်ရပ်တို့ မှ ၎င်း ၊ သင့် ထံ သို့လာ ကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
11သင် ၏မြို့ရိုး တည် သောကာလ သည် ရောက်လိမ့်မည် ။ အမိန့် တော်အရှိန် ကုန်လိမ့်မည်။
Read all of မိက္ခာအနာဂတ္တိကျမ်း 7
Cross References
Isaiah 19:23ထို ကာလ ၌ အဲဂုတ္တု ပြည်မှ သည် အာရှုရိ ပြည် တိုင်အောင် ၊ လမ်း တွင် လိမ့်မည်။ အာရှုရိ လူသည် အဲဂုတ္တု ပြည်သို့ ၎င်း၊ အဲဂုတ္တု လူသည်၊ အာရှုရိ ပြည်သို့ ၎င်း သွားလာ ၍ အဲဂုတ္တု လူနှင့် အာရှုရိ လူတို့သည် တညီတညွတ်တည်း ဝတ်ပြု ကြလိမ့်မည်။
Isaiah 43:6ဣသရေလ အမျိုး၏ ရှင် ဘုရင်ထာဝရဘုရား ၊ ဣသရေလ အမျိုးကို ရွေးနှုတ် သော၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ သည် အဦး ဆုံးသောသူ၊ နောက် ဆုံးသောသူဖြစ်၏။ ငါမှတပါး အခြားသော ဘုရား သခင်မ ရှိ။
Isaiah 60:4အရပ်ရပ် သို့ မျှော် ကြည့် လော့။ ခပ်သိမ်း သောသူ တို့ သည် စုဝေး ၍ သင့် ထံသို့ လာ ကြ၏။ သင် ၏ သား သမီး တို့သည် အဝေး က လာ ၍ ၊ သင် ၏အနား မှာ မွေးစား ခြင်းကိုခံ ကြလိမ့်မည်။
Jeremiah 3:18ထို ကာလ ၌ ယုဒ အမျိုး သည် ဣသရေလ အမျိုး နှင့် ပေါင်းဘော် လျက် ၊ မြောက် မျက်နှာအရပ် က တစု တည်းလာ၍၊ သင် တို့ဘိုးဘေး များ အမွေခံ ဘို့ ၊ ငါပေးဘူး သော ပြည် သို့ ရောက် ကြလိမ့်မည်။
Jeremiah 31:8သူ တို့ကို မြောက် ပြည် မှ ငါ ဆောင် ခဲ့၍၊ မြေကြီး စွန်း မှ စုသိမ်း မည်။ မျက်စိ ကန်းသောသူ၊ ခြေဆွံ့ သောသူ၊ ကိုယ်ဝန် ဆောင်သောမိန်းမ၊ သားဘွား ခြင်းဝေဒနာကို ခံရသောမိန်းမများလည်းပါ လျက်၊ ကြီး စွာသော အစည်း အဝေးတို့သည် ပြန် လာကြလိမ့်မည်။
Ezekiel 37:21အရှင် ထာဝရ ဘုရား၏ အမိန့် တော်ကိုလည်း ဆင့်ဆို ရမည်မှာ၊ ဣသရေလ အမျိုးသား တို့ရောက် သော တပါး အမျိုးသား နေရာအရပ်ရပ် တို့မှ သူ တို့ကိုငါ ခေါ် ခဲ့၍ စုဝေး စေပြီးလျှင် ၊ သူ တို့ကို နေရင်းပြည် သို့ ပို့ဆောင် မည်။