မိက္ခာအနာဂတ္တိကျမ်း 7:2
ကောင်း သော ပြည်သားအပေါင်းတို့သည် ကွယ်ပျောက် ကြပြီ။ ဖြောင့်မတ် သော သူတယောက် မျှမရှိ။ ခပ်သိမ်း သော သူ တို့ သည် လူအသက်ကို သတ် ခြင်းငှါ ချောင်း ၍ ကြည့်တတ် ကြ၏။ အချင်းချင်း တယောက် ကို တယောက် ကျော့ကွင်း နှင့်ဘမ်း တတ်ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of မိက္ခာအနာဂတ္တိကျမ်း 7
Cross References
1 Samuel 26:20သို့ဖြစ်၍ ကျွန်တော် အသွေး သည် ထာဝရဘုရား ရှေ့ တော်၌ မြေ သို့ မ ကျ ပါစေနှင့်။ အကြောင်း မူကား၊ လူသည် ငုံး ကို တောင် ပေါ် မှာလိုက် ၍ ရှာသကဲ့သို့ ဣသရေလ ရှင် ဘုရင်သည် ခွေးလှေး ကို ရှာ ခြင်းငှါ ထွက် တော်မူပါပြီတကားဟု လျှောက်ဆို ၏။
Psalms 12:1အိုထာဝရဘုရား ၊ ကယ်တင် တော်မူပါ။ သူတော်ကောင်း မျိုးသည် ပြတ် ၍ သစ္စာရှိ သောလူမျိုးသည် လူ သား တို့တွင် ကွယ်ပျောက် ပါ၏။
Psalms 14:1ဘုရား သခင်မ ရှိဟု မိုက် သောသူသည် ထင် တတ် ၏။ ထိုသို့သောသူတို့ သည် ဆွေးမြေ့ ယိုယွင်း၍ စက်ဆုပ် ဘွယ်သော အမှုကို ပြုတတ်ကြ၏။ ကောင်း သောအမှု ကို ပြု သောသူတ ယောက်မျှမရှိ။
Proverbs 1:11သူတို့က ငါ တို့နှင့်အတူ လိုက် တော့။ သူ့အသက် ကို သတ်အံ့သောငှါစောင့် ကြစို့။ အချည်းနှီး အပြစ် လွတ် သောသူတို့ ကို ချောင်းမြောင်း ကြစို့။
Isaiah 3:5ပြည်သား တို့သည် တယောက် ကိုတယောက်၊ အိမ်နီးချင်း တယောက်ကိုတယောက်ညှဉ်းဆဲ ကြလိမ့်မည်။ သူငယ် သည် အသက်ကြီး သူကို ၎င်း ၊ လူယုတ် သည် လူမြတ် ကို ၎င်းစော်ကား လိမ့်မည်။
Isaiah 59:7သူ တို့ခြေ သည် အဓမ္မ အမှုကို ပြုခြင်းငှါ ပြေး တတ်၏။ အပြစ် မရှိသောသူ ၏အသက် ကို သတ် ခြင်းငှါ လျင်မြန် ၏။ သူ တို့အကြံ သည် အဓမ္မ အကြံ ဖြစ်၍၊ သူ တို့ သွားရာလမ်း ၌ ပျက်စီး ခြင်းနှင့် ဒုက္ခ ဆင်းရဲခြင်း ရှိ၏။