Nehemiah 1:11
အို ဘုရားရှင်၊ ကိုယ်တော် ကျွန်ပြုသော ပဌနာ စကားနှင့် နာမတော်ကို ရိုသေချင်သော ကျွန်တော်များ ပြုသော ပဌနာစကားကို နားထောင်တော်မူပါ။ ကိုယ်တော်ကျွန်ကို ယနေ့ကောင်းကြီးပေးတော်မူပါ။ ဤလူရှေ့မှာ မျက်နှာရပါမည်အကြောင်း ကယ်မသနား တော်မူပါဟု ဆုတောင်းလေ၏။ ထိုအခါ ငါသည် ရှင် ဘုရင်၏ ဖလားတော်ကို ဖြစ်သတည်း။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 32:11သို့ဖြစ်၍၊ အကျွန်ုပ်ကို အစ်ကိုဧသောလက်မှ ကယ်လွှတ်တော်မူမည်အကြောင်း ဆုတောင်းပါ၏။ သူသည် လာ၍ အကျွန်ုပ်ကို၎င်း၊ သားမယားတို့ကို၎င်း သတ်မည်ဟု အလွန်စိုးရိမ်ပါ၏။
Genesis 40:2ဖါရောဘုရင်သည် ထိုအမတ်နှစ်ယောက်တည်း ဟူသော ဖလားတော်ဝန်နှင့်စားတော်ဝန်တို့ကို အမျက် ထွက်၍၊
Genesis 40:21အိပ်မက်အနက်ကို ယောသပ်ဘတ်သည် အတိုင်း၊ ဖလားတော်ဝန်ကို အထက်အရာ၌ တဖန် ခန့်ထားတော်မူသဖြင့်၊ သူသည်ဖလားတော်ကို ဖါရော မင်း၏လက်တွင် ဆက်မြဲဆက်ရ၏။
Genesis 41:9ထိုအခါ ဖလားတော်ဝန်က၊ ကျွန်တော်သည် ကိုယ်အပြစ်ကို ယနေ့အောက်မေ့ပါ၏။
Ezra 1:1ယေရမိဆင့်ဆိုသော ထာဝရဘုရား၏ အမိန့် တော်ကို ပြည့်စုံ စေခြင်းငှါ၊ ပေရသိရှင်ဘုရင် ကုရုနန်းစံ ပဌမနှစ်တွင်၊ ထာဝရဘုရား နှိုးဆော်တော်မူသော အားဖြင့်၊ ထိုရှင်ဘုရင်သည် အမိန့်တော်စာကို ထုတ်ပြီး လျှင်၊ ပေရသိနိုင်ငံအရပ်ရပ်တို့၌ ကြော်ငြာစေ၍၊
Ezra 7:27ယေရုရှလင်မြို့၏ ဗိမာန်တော်ကို တင့်တယ် စေမည်အကြံကို ရှင်ဘုရင်စိတ်နှလုံးထဲသို့ သွင်းပေးတော်မူထသော၊ ရှင်ဘုရင်ရှေ့၊ အတွင်းဝန်များ၊ ဗိုလ်မင်များရှေ့မှာ ငါ့အား အခွင့်ပေးတော်မူသော ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိ တော်မူစေသတည်း။