Nehemiah 10:39
လေဝိ သားအစရှိသော ဣသရေလ အမျိုးသား တို့သည် ဆန် စပါး၊ စပျစ်ရည် ၊ ဆီ ပူဇော် သက္ကာတို့ကို သန့်ရှင်း ရာဌာနတော်တန်ဆာ ၊ အမှု စောင့်ယဇ်ပုရောဟိတ် ၊ တံခါး စောင့်၊ သီချင်း သည်တို့ရှိရာ အခန်း သို့ ဆောင် ခဲ့ရကြမည်။ ငါ တို့ ဘုရား သခင်၏ အိမ် တော်ကို ငါတို့သည် စွန့်ပစ် ၍ မ ထားရကြ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Numbers 18:30သို့ဖြစ်၍ သူ တို့အား ဆင့်ဆို ရမည်မှာ၊ လေဝိ သား တို့သည် အကောင်းဆုံး သောအဘို့ကို နှုတ်ယူပူဇော် ပြီးမှ ၊ ကြွင်းသောအဘို့ကို ကောက်နယ် တလင်း၏ ကျေးဇူး ၊ စပျစ်သီး နယ်ရာကျင်း၏ ကျေးဇူး ကဲ့သို့ မိမိတို့အဘို့ မှတ် ရ လိမ့်မည်။
Deuteronomy 12:17စပါး ၊ စပျစ်ရည် ၊ ဆီ ဆယ် ဘို့တွင် ပူဇော်သော တဘို့၊ သိုး နွား တွင် အဦး ဘွားသော သားငယ်၊ သစ္စာ ဂတိ နှင့်ဆိုင်သော ပူဇော်သက္ကာ၊ အလိုလို ပြုသော ပူဇော်သက္ကာ၊ ချီးမြှောက်ရာ ပူဇော် သက္ကာ တစုံတခု ကိုမျှ၊ သင် တို့သည် ကိုယ် နေရာအရပ်၌ မ စား ရ ကြ။
2 Chronicles 31:11ထိုအခါ ဗိမာန် တော်၌ ဘဏ္ဍာ တိုက်တို့ကို ပြင်ဆင် စေမည်အကြောင်း ၊ ဟေဇကိ မိန့် တော်မူသည် အတိုင်း ပြင်ဆင် ၍၊
Nehemiah 12:47ဇေရုဗဗေလ နှင့် နေဟမိ လက်ထက် ၌ လည်း ၊ ဣသရေလ လူ အပေါင်း တို့သည် နေ့ ရက်အစဉ်အတိုင်းသီချင်း သည်၊ တံခါး စောင့်ခံအပ်သော စားစရာရိက္ခါကို၎င်း၊ လေဝိ သားတို့အား သန့်ရှင်း သော အရာတို့ကို၎င်း လှူကြ၏။ လေဝိ သားတို့သည်လည်း ယဇ်ပုရောဟိတ်တို့အား လှူ ကြ၏။
Nehemiah 13:12ထိုအခါ ယုဒ လူအပေါင်း တို့သည် ဆန် စပါး၊ စပျစ်ရည် ၊ ဆီ ဆယ် ဘို့တဘို့ကို ဘဏ္ဍာ တော်တိုက်သို့ ဆောင် ခဲ့ပြန်ကြ၏။
Hebrews 10:25လူအချို့ တို့၏ ထုံးစံ ရှိသည်အတိုင်း ၊ အချင်းချင်း စည်းဝေး ခြင်းအမှုကို မ ရှောင် မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်း နှိုးဆော်ကြလော့။ ကာလ အချိန် ရောက် လုနီးသည်ကို ထောက် သဖြင့်၊ သာ၍ ကြိုစား ကြလော့