Nehemiah 12:36
သူ၏ညီရှေမာယ၊ အာဇရေလ၊ မိလလဲ၊ ဂိလလဲ၊ မာဣ၊ နာသလေ၊ ယုဒ၊ ဟာနနိတို့သည် ဘုရားသခင်၏ လူဒါဝိဒ်၏ တုရိယာမျိုးကို ကိုင်လျက်လိုက်ကြ၏။ ကျမ်း တတ်ဆရာ ဧဇရသည် သူတို့ရှေ့မှာ သွား၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
2 Chronicles 8:14ခမည်းတော် ဒါဝိဒ်စီရင်သည်အတိုင်း၊ ယဇ် ပုရောဟိတ်တို့သည် အလှည့်အလှည့် ယဇ်ပုရောဟိတ် အမှုကို၎င်း၊ လေဝိသားတို့သည် နေ့ရက် အစဉ်ဝတ်ပြု သင့်သည်အတိုင်း၊ ယဇ်ပုရောဟိတ်တို့နှင့် ဝိုင်း၍ ထော မနာသီချင်းဆိုသဖြင့်၊ မိမိတို့အမှုကို၎င်း၊ တံခါးစောင့် တို့သည် အလှည့်အလှည့် တံခါးရှိသမျှတို့ကို စောင့်ခြင်း အမှုကို၎င်း၊ အသီးသီးစောင်ရွက်စေခြင်းငှါ ခန့်ထား၏။ ထိုသို့ ဘုရားသခင်၏လူ ဒါဝိဒ်မှာထားနှင့်သတည်း။
Ezra 8:1အာတဇေရဇ်မင်းကြီးလက်ထက်၌၊ ငါနှင့်အတူ ဗာဗုလုန်မြို့မှ ထွက်သွားသောသူ အဆွေအမျိုးသူကြီးတို့ ၏ သားစဉ်မြေးဆက်စာရင်းဟူမူကား။
Amos 6:5တယောထိုးသံနှင့်ပြိုင်လျက် သီချင်းဆိုခြင်း၊ တီးမှုတ်ရာတုရိယာမျိုးအသစ်ကို ဒါဝိဒ်မင်းရှာ၍ လုပ်သကဲ့သို့ လုပ်ခြင်း၊