Nehemiah 13:10
အမှု တော်စောင့်၊ လေဝိ သား၊ သီချင်း သည် တို့သည် အသီး အသီးမိမိ တို့လယ်ယာ သို့ ပြေး သွားကြသည် ကို ငါထောက်၍၊ သူတို့ခံအပ်သော စားစရာရိက္ခါကို မ ခံ မရကြောင်း ကို ငါရိပ်မိ လျက်၊
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 12:19မြေကြီး ပေါ် မှာ အသက်ရှင် သမျှ သော ကာလ ပတ်လုံး၊ လေဝိသား တို့ကို မ မေ့လျော့ မည်အကြောင်း သတိ ပြုကြလော့။
Nehemiah 10:37အဦး လုပ်သော မုန့်စိမ်း ၊ ပူဇော် သက္ကာ၊ သစ် သီး အမျိုးမျိုး ၊ စပျစ်ရည် ၊ ဆီ ကိုယဇ်ပုရောဟိတ် တို့ရှိရာ ဗိမာန် တော် အခန်း သို့ ၎င်း၊ လယ်လုပ် သော မြို့ ရွာရှိသမျှ တို့၌ မြေ အသီးအနှံဆယ် ဘို့တဘို့ကို လေဝိ သားတို့ထံ သို့၎င်း၊ ဆောင် ခဲ့ရမည်အကြောင်းစီရင်ထုံးဖွဲ့ကြ၏။
Nehemiah 12:29ယေရုရှလင် မြို့ပတ်ဝန်းကျင် ရွာ တို့၌ နေရာ ကျ လျက်ရှိ၍၊ ယေရုရှလင် မြို့ ပတ်ဝန်းကျင် ၊ လွင်ပြင် အရပ် များ၊ နေတောဖာသိ ရွာ များ၊ ဂိလဂါလ မြို့နယ်၊ ဂေဗ နှင့် အာဇမာဝက် ကျေးလက် ထဲက လာ၍ စည်းဝေး ကြ၏။
Isaiah 43:23အိုမိုဃ်းကောင်းကင် တို့၊ သီချင်းဆို ကြလော့။ ထာဝရဘုရား ပြု တော်မူပြီ။ မြေကြီး အောက် အရပ်တို့၊ ကြွေးကြော် ကြလော့။ တောင် များ၊ တော နှင့်တကွသစ်ပင် များတို့၊ ကျူးဧ သောအသံကိုပေး ကြလော့။ ထာဝရဘုရား သည် ယာကုပ် ကို ရွေးနှုတ် တော်မူပြီ။ ဣသရေလ အားဖြင့် ဘုန်း ထင်ရှားတော်မူပြီ။
Malachi 3:8လူ သည် ဘုရား သခင်၏ဥစ္စာတော်ကို လုယူ ရ မည်လော။ သို့သော်လည်း ၊ သင် တို့သည် ငါ့ ဥစ္စာကို လုယူ ကြပြီ။ အကျွန်ုပ်တို့သည် အဘယ်သို့ လုယူ ပါသနည်းဟု သင်တို့မေး လျှင်၊ ဆယ် ဘို့တဘို့ကို၎င်း ၊ ပူဇော် သက္ကာတို့ ကို၎င်းလုယူကြပြီ။