Nehemiah 13:2
အကြောင်း မူကား၊ သူတို့သည် ဣသရေလ အမျိုးသားတို့ကို လုပ်ကျွေးခြင်းငှါမ ကြိုဆို ၊ ကျိန်ဆဲ စေ ခြင်းငှါ ဗာလံ ကိုငှါး ကြ၏။ သို့ရာတွင် ငါ တို့၏ ဘုရား သခင် သည် ကျိန်ဆဲ သော စကားကို ကောင်းကြီး ပေး သော စကားဖြစ်စေတော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
3ထိုတရား ကို ကြား သောအခါ ၊ အမျိုး မစစ်သောသူ ရှိသမျှ တို့ ကို ဣသရေလ အမျိုးမှ ပယ်ရှား ကြ၏။
Cross References
Numbers 22:3ဣသရေလ အမျိုးသား တို့သည် များပြား သောကြောင့် ၊ မောဘ ပြည်သားတို့သည် အလွန် ကြောက်ရွံ့ ကြ၍ ၊
Numbers 23:8ဘုရားသခင် ကျိန်ဆဲ တော်မ မူသောသူကို အဘယ်သို့ ငါကျိန်ဆဲ နိုင်မည်နည်း။ ဘုရားသခင် သည် ပျက်စီး ခြင်းသို့ အပ်တော်မ မူသောသူကို အဘယ်သို့ ငါအပ် နိုင်မည်နည်း။
Numbers 24:5အိုယာကုပ် အမျိုး၊ သင် တို့၏တဲ များ၊ အိုဣသရေလ အမျိုး၊ သင် တို့၏ ဘုံဗိမာန် များတို့သည် အဘယ်မျှ လောက် တင့်တယ် ကြသည်တကား။
Deuteronomy 23:5သို့ရာတွင် သင် ၏ဘုရားသခင် ထာဝရဘုရား သည် ဗာလမ် စကားကို နား မ ထောင်။ သင့် ကိုချစ် သောကြောင့် ကျိန်ဆဲ ခြင်းကို သင် ၌ ကောင်းကြီး မင်္ဂလာ ဖြစ် စေတော်မူ၏။
Psalms 109:28ထိုသူ တို့သည် ကျိန်ဆဲ သော်လည်း ၊ ကိုယ်တော် မူကား ကောင်းကြီး ပေးတော်မူပါ။ သူတို့သည် ထ သောအခါ အရှက် ကွဲကြပါစေသော။ ကိုယ်တော် ၏ ကျွန် မူကား ၊ ဝမ်းမြောက် ပါစေသော။
Matthew 25:40မင်းကြီး က၊ ငါအမှန် ဆို သည်ကား၊ သင်တို့သည် ဤ သူတည်းဟူသောငါ့ ညီ တို့တွင် အငယ်ဆုံး သော သူ တစ်ယောက်အား ပြု ကြသမျှ တို့ကို ငါ့ အား ပြု ကြပြီဟု ပြန်၍မိန့် တော်မူလတံ့။