Nehemiah 13:22
လေဝိ သားတို့သည်လည်း၊ ဥပုသ် နေ့ ကို သန့်ရှင်း စေခြင်းငှါ ၊ စင်ကြယ် သောကိုယ်နှင့်လာ ၍ တံခါး တို့ကို စောင့် ရမည်အကြောင်းငါမှာ ထား၏။ အို အကျွန်ုပ် ၏ ဘုရား သခင်၊ ထို အမှုကြောင့် အကျွန်ုပ် ကို အောက်မေ့ တော်မူပါ။ ကရုဏာ တော်များပြား သည်အတိုင်း အကျွန်ုပ် ကို ကယ်မ သနားတော်မူပါ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
2 Kings 23:4နောက် တဖန်ယဇ်ပုရောဟိတ် မင်း ဟိလခိ ၊ ဒုတိယ ယဇ် ပုရောဟိတ်များနှင့် တံခါး စောင့် များတို့သည် ဗာလ ဘုရား၊ အာရှရ ပင်၊ မိုဃ်း ကောင်းကင်တန်ဆာ အဘို့ လုပ် သမျှ သောအသုံး အဆောင်တို့ကို ဗိမာန် တော်ထဲက ထုတ် မည်အကြောင်း ရှင်ဘုရင် စီရင် သဖြင့်၊ ယေရုရှလင် မြို့ပြင် ၊ ကေဒြုန် တော ၌ မီးရှို့ ၍ ပြာ ကို ဗေသလ မြို့သို့ ဆောင် သွားကြ၏
2 Chronicles 29:4ယဇ်ပုရောဟိတ် လေဝိ သားတို့ကို ခေါ် ၍ ၊ အရှေ့ လမ်း မှာ စုဝေး စေလျက်၊
2 Chronicles 29:27ဟေဇကိ သည် ယဇ် ပလ္လင်ပေါ်မှာ မီးရှို့ ရာယဇ် ကို ပူဇော် စေခြင်းငှါ ၊ အမိန့် တော်ရှိ၍ မီးရှို့ရာယဇ်ကို ပူဇော်စပြုသောအခါ၊ တံပိုး များနှင့် ဣသရေလ ရှင်ဘုရင် ဒါဝိဒ် စီရင်သော တုရိယာ မျိုးများကို တီးမှုတ်လျက်၊ ထာဝရ ဘုရားအား သီချင်း ကို ဆိုစ ပြုကြ၏။
Nehemiah 5:19အိုအကျွန်ုပ် ဘုရား သခင်၊ ဤ လူ တို့အဘို့ အကျွန်ုပ်ပြု သမျှ အတွက် အကျွန်ုပ် ကို အောက်မေ့ ၍ ကျေးဇူး ပြုတော်မူပါ။
Nehemiah 12:10ယောရှု သား ယောယကိမ် ၊ ယောယကိမ် သား ဧလျာရှိပ် ၊ ဧလျာရှိပ် သား ယောယဒ ၊
Nehemiah 13:14အို အကျွန်ုပ် ၏ ဘုရား သခင်၊ ထို အမှုကြောင့် အကျွန်ုပ် ကို အောက်မေ့ တော်မူပါ။ အကျွန်ုပ် ၏ ဘုရား သခင့် အိမ် တော်အဘို့ ၊ အိမ်တော်အမှု စောင့်ခြင်းအဘို့ အကျွန်ုပ် ပြုသောကျေးဇူး ကို ချေ တော်မ မူပါနှင့်။