Nehemiah 13:31
ချိန်းချက် သောအချိန် ၌ ထင်း ပူဇော် သက္ကာနှင့် အဦး သီးသော အသီးကို ပူဇော်စေခြင်းငှါ စီရင်၏။ အို အကျွန်ုပ် ၏ ဘုရား သခင်၊ ကျေးဇူး ပြုပါမည်အကြောင်း၊ အကျွန်ုပ် ကို အောက်မေ့ တော်မူပါ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Nehemiah 5:19အိုအကျွန်ုပ် ဘုရား သခင်၊ ဤ လူ တို့အဘို့ အကျွန်ုပ်ပြု သမျှ အတွက် အကျွန်ုပ် ကို အောက်မေ့ ၍ ကျေးဇူး ပြုတော်မူပါ။
Nehemiah 10:35အဦး သီးသော မြေ အသီး အနှံနှင့် အဦးသီးသော သစ် သီး အမျိုးမျိုး ကို ဗိမာန် တော်သို့ နှစ် တိုင်း ဆောင် ခဲ့ရမည်အကြောင်း၊
Nehemiah 13:14အို အကျွန်ုပ် ၏ ဘုရား သခင်၊ ထို အမှုကြောင့် အကျွန်ုပ် ကို အောက်မေ့ တော်မူပါ။ အကျွန်ုပ် ၏ ဘုရား သခင့် အိမ် တော်အဘို့ ၊ အိမ်တော်အမှု စောင့်ခြင်းအဘို့ အကျွန်ုပ် ပြုသောကျေးဇူး ကို ချေ တော်မ မူပါနှင့်။
Psalms 25:7အကျွန်ုပ် သည် အသက်အရွယ်ငယ် စဉ်၊ ပြစ်မှား မိသောအပြစ် တို့ကို အောက်မေ့ တော်မ မူပါနှင့်။ ကောင်းမြတ် တော်မူသည်ဖြစ်၍ ၊ ကရုဏာ တော်ရှိသည်အတိုင်း ၊ အကျွန်ုပ် ကို အောက်မေ့ တော်မူပါထာဝရဘုရား။
Psalms 106:4အို ထာဝရဘုရား ၊ အကျွန်ုပ်သည် ရွေးကောက် တော်မူသောသူတို့၏ကောင်းကျိုး ကို မြင် စေခြင်းငှါ ၎င်း၊ ကိုယ်တော် ၏လူမျိုး ဝမ်းမြောက် ခြင်း၌ ဝမ်းမြောက် ၍၊ ကိုယ်တော် ၏အမွေ ဖြစ်သောသူတို့နှင့်အတူ ဝါကြွား ရွှင်လန်းစေခြင်းငှါ ၎င်း၊