Nehemiah 3:26
ထိုမှတပါး၊ ဘုရားကျွန်တို့သည် အရှေ့မျက်နှာ၊ ရေတံခါး တဘက်တချက်၌၊ မိမိတို့နေရာဩဖေလ ရဲတိုက်ကို၎င်း၊ ပြင်သို့ထွက်သော ပြအိုးကို၎င်း ပြင်ကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
1 Chronicles 9:2နောက်တဖန်ကိုယ်ပိုင်ထိုက်သော မြို့ရွာတို့၌ အဦးဆုံး နေရာကျသောသူကား၊ ဣသရေလအမျိုးသား၊ ယဇ်ပုရောဟိတ်၊ လေဝိသား၊ ဘုရားကျွန်အသီးအသီး ဖြစ်ကြ၏။
2 Chronicles 33:14ထိုနောက်၊ ဒါဝိဒ်မြို့ပြင်၊ ဂိဟုန်မြို့ အနောက် ဘက်၊ ချိုင့်ထဲမှာ ငါတံခါးဝတိုင်အောင်၎င်း၊ ဩဖေလ ရဲတိုက်ပတ်လည်၌၎င်း၊ အလွန်မြင့်သော မြို့ရိုးကို တည်၏။ ယုဒပြည်တွင် ခိုင်ခံ့သောမြို့ရှိသမျှတို့၌ တပ်မှူး တို့ကို ခန့်ထား၏။
Nehemiah 3:27သူတို့နောက်မှ၊ တေကောမြို့သားတို့သည် ပြင်သို့ထွက်သော ပြအိုးကြီး တဘက်တချက်၌၊ ဩဖေလ ရဲတိုက်ရိုးတိုင်အောင် ပြင်ကြ၏။
Nehemiah 8:1သတ္တမလရောက်မှ၊ မြို့ရွာအရပ်ရပ်၌နေသော ဣသရေလ အမျိုးသားလူအပေါင်းတို့သည် လာ၍ ရေတံခါးလမ်းတွင် စည်းဝေးကြ၏။ ဣသရေလအမျိုး၌ ထာဝရဘုရားထားတော်မူသော မောရှေပညတ္တိကျမ်း စာကို ဆောင်ခဲ့ပါဟု ကျမ်းတတ်ဆရာ ဧဇရကို တောင်း သည်အတိုင်း၊
Nehemiah 8:16လူများတို့သည် ထွက်သွား၍၊ သစ်ခက်တို့ကို ဆောင်ခဲ့ပြီးလျှင် အိမ်မိုးပေါ်မှာ၎င်း၊ မိမိဝင်းထဲ၊ ဗိမာန် တော်တန်တိုင်းထဲမှာ၎င်း၊ ရေတံခါးလမ်းနှင့် ဧဖရိမ်တံခါး လမ်းမှာ၎င်း သစ်ခက်တဲများကို လုပ်ကြ၏။
Nehemiah 11:21ဘုရားကျွန်တို့သည် ဩဖေလအရပ်၌နေ၍၊ ဇိဟနှင့် ဂိသပတို့ သည် ဘုရားကျွန်အုပ် ဖြစ်ကြ၏။