Nehemiah 4:11
ရန်သူတို့ကလည်း၊ သူတို့သည် အမှတ်တမဲ့၊ သတိမရှိဘဲနေစဉ်တွင်၊ ငါတို့သည် သူတို့အထဲသို့ဝင်၍ လုပ်ကြံသဖြင့်၊ ထိုအလုပ်ကို ဖျက်မည်ဟု ဆိုကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Judges 20:29ဣသရေလအမျိုးသားတို့သည် ဂိဗာမြို့ပတ်လည်၌ ကင်းစောင့်လူတို့ကို ထားပြီးမှ၊
Psalms 56:6ငါ့အသက်ကို စောင့်စဉ်အခါစုဝေး၍ ချောင်း မြောင်းလျက်၊ ငါခြေရာတို့ကို ကြည့်မှတ်ကြ၏။
Acts 23:12မိုဃ်းလင်းသောအခါ ယုဒလူတို့သည် သင်းဖွဲ့၍၊ ငါတို့သည် ပေါလုကိုမသတ်မှီတိုင်အောင် အလျှင်းမစား မသောက်ရဟု ကိုယ်ကိုကျိန်ဆို၍ ဓိဋ္ဌာန်ပြုကြ၏။
1 Thessalonians 5:2အဘယ်ကြောင့်နည်းဟူမူကား၊ သူခိုးသည် ညဉ့်အခါလာသကဲ့သို့၊ သခင်ဘုရား၏ နေ့ရက်သည် လာလိမ့်မည်ကို သင်တို့သည် သေချာစွာသိကြ၏။