Nehemiah 4:21
ထိုသို့ ငါ တို့သည် အလုပ် လုပ် ကြ၏။ လူ တဝက် သည် မိုဃ်းလင်း သည်မှစ၍ ကြယ် ပေါ် သည်တိုင်အောင် ၊ လှံ လက်နက်တို့ကို ကိုင် ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Corinthians 15:10သို့သော်လည်း ဘုရားသခင် ၏ ကျေးဇူး တော်အားဖြင့်သာ ငါ ဖြစ်သည်အတိုင်း ငါဖြစ် ၏။ ငါ ခံရသော ကျေးဇူး တော်ကိုလည်း အကျိုးမဲ့ ခံရသည်မ ဟုတ်။ အခြား သော တမန်တော် အပေါင်း တို့ထက်၊ ငါသည် သာ၍ ကြိုးစား ခြင်းကိုပြု၏။ ထိုသို့ဆိုသော်လည်း ၊ ငါ ကြိုးစားသည်မ ဟုတ်။ ငါ နှင့်အတူ ရှိသောဘုရားသခင် ၏ ကျေးဇူး တော်သည် ကြိုးစားတော်မူ၏။
Galatians 6:9ငါတို့သည်အား မ လျော့၊ စိတ်မပျက်ဘဲ ကောင်း သောအကျင့်ကို ကျင့် ကြကုန်အံ့။ ထိုသို့တည်ကြည် ၍ ကျင့်လျှင် အချိန်တန် သောကာလ၌ အသီးအနှံကို ရိတ် ရကြလိမ့်မည်။