Nehemiah 5:13
ကိုယ် ခါးပိုက် ကို ခါ လျက်၊ ဂတိ ပျက်သော သူ အပေါင်း တို့ကို ဘုရား သခင်သည် အိမ် တော်၊ အမှု တော်ထဲက ဤသို့ ခါ လိုက်တော်မူပါစေသော။ သူတို့သည် ဤသို့ ခါ ပစ်လိုက်ခြင်းကိုခံရကြပါစေဟုဆို၍ စည်းဝေး သောသူအပေါင်း တို့သည် အာမင် ဟု ဝန်ခံ၍ ထာဝရဘုရား ကို ချီးမွမ်း ကြ၏။ လူ များတို့သည်လည်း၊ ဂတိ ထား သည်အတိုင်း ပြု ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 27:14ထိုအခါ လေဝိ သားတို့သည် ကြီး သောအသံ နှင့် ဣသရေလ အမျိုးသား အပေါင်း တို့အား ဟစ်ကြော် ရ သောစကားဟူမူကား၊
1 Kings 11:29တရံရောအခါယေရောဗောင် သည် ယေရုရှလင် မြို့ပြင်သို့ ထွက်သွား သည်ရှိသော်၊ ရှိလော မြို့သားအဟိယ သည် ဝတ်လုံ သစ် နှင့် ကိုယ်ကိုခြုံ လျက် ၊ ယေရောဗောင်ကိုကြိုဆို ၍ လယ်ပြင် ၌ ထို သူနှစ် ယောက်တည်း ရှိ စဉ်အခါ၊
1 Chronicles 16:36ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား သည် ကမ္ဘာ အဆက်ဆက်မင်္ဂလာ ရှိတော်မူစေသတည်းဟု သီချင်းဆိုကြသောအခါ၊ လူ များအပေါင်း တို့သည် အာမင် ဟု ဝန်ခံ လျက် ထာဝရဘုရား ၏ဂုဏ် တော်ကို ချီးမွမ်းကြ ၏။
Psalms 50:14ကျေးဇူး ချီးမွမ်းခြင်း ယဇ်ကိုဘုရား သခင်အား ပူဇော် လော့။ သစ္စာ ဂတိထားသည်အတိုင်း ၊ အမြင့်ဆုံး သောအရာ၌ သစ္စာဝတ်ကိုဖြေ လော့။
Psalms 119:106ဖြောင့်မတ် စွာ စီရင်တော်မူချက်တို့ကို စောင့် ပါမည် ဟု အကျွန်ုပ်ကျိန်ဆို သည် အတိုင်း ပြု ပါမည်။
Ecclesiastes 5:5သစ္စာဂတိ ပြု၍ ဝတ်ကိုမ ဖြေ ဘဲနေသည်ထက်၊ သစ္စာဂတိ အလျှင်းမ ပြုဘဲနေသော် သာ၍ ကောင်း ၏။