bible.software › Nehemiah › Nehemiah 5 › Nehemiah 5:18
Nehemiah 5:18
နေ့တိုင်း ငါ့စားပွဲကို နွားတကောင်၊ ရွေးသော သိုးခြောက်ကောင်၊ ကြက်များကို စီရင်ရ၏။ ဆယ်ရက် တခါများစွာသော စပျစ်ရည်အမျိုးမျိုးကိုလည်း တင်ရ၏။ ထိုမျှလောက်ကုန်သော်လည်း၊ လူများတို့သည် ပင်ပန်းစွာ အမှုစောင့်ရသောကြောင့်၊ မြို့ဝန်၌ ရိက္ဓာကို ငါမတောင်း။
1835 Judson Burmese Bible
In The King James Version
Now that which was prepared for me daily was one ox and six choice sheep; also fowls were prepared for me, and once in ten days store of all sorts of wine: yet for all this required not I the bread of the governor, because the bondage was heavy upon this people.
In Context
17ထိုမှတပါး၊ ပတ်ဝန်းကျင်၌နေ၍ ငါတို့ထံသို့ လာသော တပါးအမျိုးသားကို မဆိုဘဲ၊ ယုဒအမျိုးသားတို့ နှင့် မင်းအရာရှိ တရာငါးကျိပ်တို့သည် ငါ့စားပွဲ၌ စားသောက်မြဲရှိကြ၏။
19အိုအကျွန်ုပ် ဘုရားသခင်၊ ဤလူတို့အဘို့ အကျွန်ုပ်ပြုသမျှအတွက် အကျွန်ုပ်ကို အောက်မေ့၍ ကျေးဇူးပြုတော်မူပါ။
Read all of Nehemiah 5
Cross References
1 Kings 5:3ငါ့အဘဒါဝိဒ်သည် အရပ်ရပ်၌ စစ်တိုက်ရ သောကြောင့်၊ ထာဝရဘုရားသည် ရန်သူတို့ကို အဘခြေ ဘဝါးတော်အောက်သို့ နှိမ့်ချတော်မမူမှီတိုင်အောင်၊ မိမိဘုရားသခင်ထာဝရဘုရား၏ နာမတော်အဘို့ အိမ်တော်ကို မတည်မဆောက်ရဟု မင်းကြီးသိ၏။
Psalms 37:21မတရားသောသူသည် ချေးငှါး၍ မဆပ်ဘဲ နေတတ်၏။ ဖြောင့်မတ်သောသူမူကား၊ သနားသော စိတ်ရှိ၍ ပေးတတ်၏။
This Verse In Other Editions
Study Nehemiah 5:18