Nehemiah 5:8
တပါးအမျိုးသားတို့လက်၌ ကျွန်ခံသောငါတို့ ညီအစ်ကို ယုဒလူတို့ကို၊ ငါတို့သည် တတ်နိုင်သမျှအတိုင်း ရွေးနှုတ်ပြီးမှ၊ သင်တို့သည် ညီအစ်ကိုတို့ကို တဖန် ရောင်းဦးမည်လော။ သူတို့သည် အမျိုးသားချင်းတို့တွင် အရောင်းခံရမည်လောဟုဆိုလျှင်၊ သူတို့သည် ပြန်ပြော စရာမရှိ၊ တိတ်ဆိတ်စွာနေကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Leviticus 25:47သင့်အနားမှာတည်းနေသော တကျွန်းတနိုင်ငံသားသည် ငွေရတတ်၍ သူ၏အနားမှာနေသော သင်၏ အမျိုးသားချင်း ဆင်းရဲသဖြင့်၊ သင့်အနားမှာ တည်းနေသော တကျွန်းတနိုင်ငံသား၌၎င်း၊ သူ၏ သားမြေး၌၎င်း၊ ကိုယ်ကိုရောင်းချလျှင်၊-
Deuteronomy 24:7လူသည် မိမိအမျိုးသားချင်းဖြစ်သော ဣသရေ လအမျိုးသားကို ခိုး၍ ကျွန်အရာ၌ ထားသည်ဖြစ်စေ၊ ရောင်းသည်ဖြစ်စေ၊ ထိုသူခိုးကို တွေ့မိလျှင် အသေသတ် ရမည်။ သင်တို့တွင် ဒုစရိုက်အပြစ်ကို ထိုသို့ ပယ်ရှားရကြ မည်။
Job 32:15ဤသူတို့သည် မိန်းမောတွေဝေလျက်ပြန်၍ မပြောဘဲ တိတ်ဆိတ်စွာ နေကြ၏။
Matthew 25:15တဦး၌ အခွက်နှစ်ဆယ်၊ တဦး၌ အခွက်တဆယ်ကို အပ်ပေးပြီးမှ ချက်ခြင်းသွားလေ၏။
Romans 3:19ပညတ်တရား၌ ပါသမျှသောစကားတို့သည် ပညတ်တရားကို ခံသောသူတို့နှင့် စပ်ဆိုင်သည်ကို ငါတို့ သိကြ၏။ ထိုသို့ဖြစ်၍၊ လောကီသားအပေါင်းတို့သည် စကားတခွန်းကိုမျှ မပြောနိုင်ဘဲ ဘုရားသခင့် ရှေ့တော်၌ အပြစ်တင်သောသူဖြစ်ကြ၏။
1 Corinthians 8:11ထိုသို့ဖြစ်လျှင်၊ အကြင်ညီအစ်ကိုအဘို့အလို့ငှါ ခရစ်တော်သည် အသေခံတော်မူ၏။ အားနည်းသော ထိုညီအစ်ကိုသည် သင်၏ဉာဏ် ကြောင့်ပျက်စီးခြင်းသို့ ရောက်ရပါသည်တကား၊