Nehemiah 6:7
ယုဒပြည်၌ ရှင်ဘုရင်ရှိသည်ဟု သင့်ကို ရည်ဆောင်၍ ယေရုရှလင်မြို့၌ ဟောပြောရသော ပရောဖက်တို့ကို သင်ခန့်ထားပြီ။ ထိုစကားအတိုင်း ရှင်ဘုရင်အားကြားလျှောက်ရမည်။ သို့ဖြစ်၍ လာပါ။ တိုင်ပင်ကြကုန်အံ့ဟု စာ၌ပါသတည်း။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
1 Kings 1:7အဗရှလုံညီ လည်း ဖြစ်၏။ သူသည်ဇေရုယာသား ယွာဘ၊ ယဇ်ပုရောဟိတ် အဗျာသာနှင့် တိုင်ပင်၍ သူတို့သည် အဒေါနိယဘက်မှာ နေကြ၏။
1 Kings 1:25သူသည် ယနေ့ဆင်းသွား၍၊ ဆူဖြိုးသော သိုးနွား များတို့ကို သတ်ပြီးလျှင် မင်းကြီး၏သားတော်အပေါင်း တို့ကို၎င်း၊ ဗိုလ်များနှင့် ယဇ်ပုရောဟိတ်အဗျာသာကို၎င်း ခေါ်ဘိတ်ပါပြီ။ သူတို့သည် အဒေါနိယရှေ့မှာ စား သောက်လျက်၊ အဒေါနိယမင်းကြီးသည် အသက်ရှင်စေ သတည်းဟု ကြွေးကြော်လျက်ယခုရှိကြပါ၏။
Nehemiah 6:12ထိုသူကို ဘုရားသခင် စေလွှတ်တော်မမူ။ တောဘိနှင့် သမ္ဘာလတ် ငှါးသောကြောင့်၊ ထိုသို့ ငါ့တဘက်၌ ဟောပြောသည်ကို ငါရိပ်မိ၏။
Acts 23:15ထိုကြောင့်၊ နက်ဖြန့်နေ့၌ စစ်သူကြီးသည် ပေါလုကို ကိုယ်တော်တို့ထံသို့ ပို့ဆောင်စေခြင်းငှါ၊ သူ့ကို သာ၍ စေ့စေ့စစ်ကြောမည်အဟန်ပြု၍၊ လွှတ်အရာရှိများနှင့်အတူ ကိုယ်တော်တို့သည် စစ်သူကြီးကို လျှောက်ကြပါလော့။ ပေါလုသည် ကိုယ်တော်တို့ထံသို့ မရောက်မှီအကြားတွင် အကျွန်ုပ်တို့သည် သူ့ကိုသတ်ခြင်းငှါ အသင့်ရှိနှင့်ပါပြီဟု လျှောက်ကြ၏။