Nehemiah 9:11
သူတို့သည် ပင်လယ်အလယ်၌ မြေပေါ်မှာ ရှောက်သွားမည်အကြောင်း သူတို့ရှေ့မှာ ပင်လယ်ကို ခွဲတော်မူ၏။ ညှဉ်းဆဲသော သူတို့ကိုကား၊ နက်သောရေထဲ သို့ ကျောက်ကိုပစ်သကဲ့သို့ ပစ်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Exodus 14:21မောရှေသည် ပင်လယ်ပေါ်မှာ လက်ကိုဆန့်၍၊ ထာဝရဘုရားသည် တညဉ့်လုံး၌ အားကြီးသော အရှေ့လေအားဖြင့် ပင်လယ်ရေကို လှန်ပြန်၍၊ မြေကို ပေါ်စေတော်မူသည်နှင့်၊ ရေသည် ကွဲပြတ်လျက်ရှိ၏။
Exodus 14:25သူတို့ရထား အသွားခက်စေခြင်းငှာ ရထားဘီးများကို ချို့တဲ့စေတော်မူ၏။ အဲဂုတ္တုလူတို့ကလည်း၊ ဣသရေလလူတို့ထံမှ ပြေးကြစို့။ ထာဝရဘုရားသည် သူတို့ဘက်၊ အဲဂုတ္တုလူတို့တဘက်၌ စစ်တိုက်သည်ဟု ပြောဆိုကြ၏။
Exodus 14:29ဣသရေလအမျိုးသားတို့မူကား၊ ပင်လယ်အလယ်၌ မြေပေါ်မှာရှောက်သွား၍၊ ရေသည် သူတို့လက်ျာ ဘက်၊ လက်ဝဲဘက်မှာ ကျောက်ထရံကဲ့သို့ ရှိနေ၏။
Exodus 15:5နက်စွာသောအရပ်၌ လွှမ်းမိုးလျက်ရှိကြ၏။ ကျောက်ကဲ့သို့ အောက်သို့ဆင်းကြ၏။
Psalms 66:6ပင်လယ်ကို ကုန်းဖြစ်စေတော်မူ၏။ သူတို့သည် ရေစီးရာအရပ်ကို ခြေဖြင့် ရှောက်သွားကြသည်ဖြစ်၍၊ ငါတို့သည် ဘုရားသခင်၌ ဝမ်းမြောက်ကြ၏။
Psalms 106:9ဧဒုံပင်လယ်ကို ဆုံးမတော်မူ၍၊ ပင်လယ်ရေ သည် ခန်းခြောက်လေ၏။ တော၌ ပို့ဆောင်သကဲ့သို့ နက်နဲရာအရပ်၌ သူတို့ကို ပို့ဆောင်တော်မူ၏။