Nehemiah 9:20
သူတို့အား သွန်သင်စရာဘို့ ကောင်းသော ဝိညာဉ်တော်ကို ပေးတော်မူ၏။ သူတို့စားရသော ကိုယ် တော်၏ မန္နကိုရုပ်သိမ်းတော်မမူ။ သူတို့ အငတ်ပြေစေ ခြင်းငှါ၊ ရေကိုလည်း ပေးတော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Exodus 16:15ထိုအရာကို ဣသရေလအမျိုးသားတို့သည် မြင်သောအခါ၊ အဘယ်အရာနည်းဟု မသိသောကြောင့်၊ တယောက်ကို တယောက် မေးကြ၏။ မောရှေကလည်း၊ ဤအရာသည် သင်တို့စားစရာဘို့ ထာဝရဘုရား ပေးသနားတော်မူသောမုန့်ဖြစ်၏။
Exodus 17:3လူများတို့သည် ရေငတ်၍ မောရှေကို အပြစ်တင် မြည်တမ်းလျက်၊ ငါတို့မှစ၍ သားသမီးတိရစ္ဆာန်တို့ကို အငတ်ထား၍ သတ်ခြင်းအလိုငှာ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်းဟု ဆိုကြ၏။
Numbers 11:17ငါသည်လည်း ထိုအရပ်သို့ ဆင်းသက်၍ သင်နှင့်နှုတ်ဆက်မည်။ သင့်အပေါ်မှာ ကျိန်းဝပ်သော ဝိညာဉ်အချို့ကို ငါယူ၍ သူတို့အပေါ်မှာ တင်မည်။ ဤလူ တို့ကို သင်တယောက်တည်းသာ ဆောင်ရွက်ရမည် မဟုတ်၊ ထိုအသက်ကြီးသူတို့သည် ဝိုင်းညီ၍ ဆောင်ရွက် ရကြမည်။
Joshua 5:12ခါနာန်ပြည် စပါးကို စား၍၊ နက်ဖြန်နေ့၌ မနွ ပြတ်လေ၏။ နောက်တဖန် ဣသရေလအမျိုးသားတို့ သည် မနွကိုမရကြ။ ထိုနှစ်တွင် ခါနာန်ပြည်၌ဖြစ်သော အသီးအနှံ့ကို စားရကြ၏။
Psalms 105:41ကျောက်ကိုလည်း ဖွင့်လှစ်တော်မူသဖြင့်၊ ရေ သည် ထွက်၍ သွေ့ခြောက်သောအရပ်၌ မြစ်ကဲ့သို့စီးသွား လေ၏။
Isaiah 41:17ဆင်းရဲသောသူနှင့် ငတ်မွတ်သော သူတို့သည် ရေကိုရှာ၍ မတွေ့၊ ရေငတ်၍ လျှာ သွေ့ခြောက်သော အခါ၊ ငါထာဝရဘုရားသည် သူတို့ စကားကို နားထောင် မည်။ ဣသရေလအမျိုး၏ ဘုရားသခင်ဖြစ်သော ငါသည် သူတို့ကို မစွန့်။