တောလည်ရာကျမ်း 1:32
ယောသပ် မှ ဆင်းသက်သော ဧဖရိမ် အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီးလိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည်အတိုင်း၊
မြန်မာကျမ်းစာ
In The King James Version
In Context
31အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း ငါးသောင်း နှစ်ထောင်လေး ရာ ရှိကြ၏။
33အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း လေးသောင်း ငါး ရာ ရှိကြ၏။
Cross References
Genesis 30:24ထာဝရဘုရား သည် အခြား သောသား ကို ထပ် ၍ပေးတော်မူပါစေသောဟူ၍၎င်း ဆိုလျက်၊ ထို သားကို ယောသပ် အမည် ဖြင့် မှည့် လေ၏။
Genesis 39:1ဣရှမေလ လူတို့သည် ယောသပ် ကို ဆောင်သွား ၍ အဲဂုတ္တု ပြည်သို့ ရောက် သောအခါ ၊ အဲဂုတ္တု အမျိုးသား ဖါရော ဘုရင်၏အမတ် ဖြစ်သော ကိုယ်ရံတော် မှူး ပေါတိဖါ ထံ မှာ ရောင်းကြ၏။
Genesis 48:1နောက်တဖန်ယောသပ် သည် အဘ နာ ကြောင်းကို ကြား သဖြင့် ၊ သား နှစ် ယောက်မနာရှေ နှင့် ဧဖရိမ် ကို ယူ ၍သွား၏။
Genesis 49:22ယောသပ် သည် သန် သောပျိုး ပင်၊ ရေတွင်း နား မှာ သန် သော ပျိုး ပင်ဖြစ်၏။ အခက် အလက်တို့သည် အုတ် ရိုးပေါ် မှာ ကျော် သွားကြ၏။
Numbers 26:35ဘိုးဘအဆွေအမျိုး အလိုက် ဧဖရိမ် ၏သား ဟူမူကား ၊ ရှုသလ မှ ဆင်းသက်သော ရှုသလိ အဆွေအမျိုး ၊ ဗေခါ မှ ဆင်းသက်သော ဗေခရိ အဆွေအမျိုး ၊ တာဟန် မှ ဆင်းသက်သော တာဟနိ အဆွေအမျိုး တည်း။