တောလည်ရာကျမ်း 11:16
ထာဝရဘုရား ကလည်း ၊ သင်ကျွမ်းကျင် သော ဣသရေလ အမျိုးသား အသက်ကြီး ခုနစ်ကျိပ် တို့ကို ငါ့ ရှေ့မှာ စုဝေး စေပြီးလျှင်၊ ပရိသတ်စည်းဝေး ရာ တဲ တော် သို့ ခေါ် ခဲ့၍ သင် နှင့်အတူ ရပ် နေကြစေလော့။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 46:27အဲဂုတ္တု ပြည်၌ ယောသပ် ရ နှင့်သော သား နှစ် ယောက်ရှိ၏။ သို့ဖြစ်၍အဲဂုတ္တု ပြည်သို့ ရောက် သော ယာကုပ် ၏အမျိုးသား အပေါင်း ကား ခုနစ် ဆယ်တည်း။
Exodus 24:1တဖန် ထာဝရဘုရားက၊ သင်သည် အာရုန် ၊ နာဒပ် ၊ အဘိဟု အစရှိသော ဣသရေလ အမျိုး အသက်ကြီး သူ ခုနစ်ကျိပ် နှင့်တကွ၊ ထာဝရဘုရား ထံ တော်သို့ တက် ၍ ၊ သူတို့သည် ဝေးဝေး ကိုးကွယ် ကြစေ။
Numbers 16:25မောရှေ ထ ၍ ဣသရေလ အမျိုး အသက်ကြီး သူတို့ နှင့်တကွ၊ ဒါသန် ၊ အဘိရံ နေရာသို့ သွား ပြီးမှ ၊
Deuteronomy 16:18သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော မြို့ ရှိသမျှ တို့တွင် ၊ တရားသူကြီး ၊ အရာရှိ တို့ကို သင့် နေရာခရိုင်များ၌ အနှံ့အပြားခန့်ထား ရမည်။ သူတို့ သည်၊ လူမျိုး တို့တွင် တရား မှုကို တရား သဖြင့် စီရင် ရကြမည်။
Ezekiel 8:11သူ တို့ရှေ့ မှာ ဣသရေလ အမျိုး အသက်ကြီး သူ ခုနှစ် ကျိပ်တို့နှင့်တကွ ၊ ယာဇညာ သား ရှာဖန် သည် သူ တို့ အလယ် ၌ ရပ် ၍ ၊ ထိုသူအပေါင်းတို့သည် အသီးအသီး လင်ပန်း ကို ကိုင်လျက်၊ နံ့သာပေါင်းကို မီးရှို့ကြသဖြင့်၊ မီးခိုးသည် ထူထပ်စွာတက် လေ၏။
Luke 10:17ထိုခုနစ်ကျိပ် သော တပည့်တော်တို့သည် ဝမ်းမြောက် သောစိတ်နှင့် ပြန်လာ ၍ ၊ သခင် ၊ ကိုယ်တော် ၏ နာမ အားဖြင့် အကျွန်ုပ် တို့သည် နတ်ဆိုး ကိုပင် နိုင် ပါသည်ဟု လျှောက် ကြ၏။