တောလည်ရာကျမ်း 12:2
အကယ်၍ ထာဝရဘုရား သည်၊ မောရှေ အားဖြင့် သာ ဗျာဒိတ် ပေးတော်မူသလော။ ငါ တို့အားဖြင့် လည်း ပေး တော်မ မူလောဟု ဆို ကြ၏။ ထိုစကားကို ထာဝရဘုရား ကြား တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
3မောရှေ သည် မြေကြီး ပေါ်မှာ ရှိနေသောသူ အပေါင်း တို့ထက် သာ၍နူးညံ့ သိမ်မွေ့သော သဘောရှိ၏။
Cross References
Genesis 29:33တဖန် ပဋိသန္ဓေ ယူပြန်၍ သား ကိုဘွားမြင် သော် ၊ ငါ သည် အမုန်း ခံရကြောင်းကို ထာဝရဘုရား ကြား သောကြောင့် ၊ ဤ သားကိုလည်း ပေး သနားတော်မူပြီဟု ဆို ပြီးလျှင် ၊ ထို သားကို ရှိမောင် အမည် ဖြင့် မှည့် လေ၏။
Exodus 4:30အာရုန် သည် မောရှေ အား ထာဝရဘုရား မိန့် တော်မူသော စကား တော်အလုံးစုံ တို့ကို ပြန်ပြော ၍ ၊ လူ တို့ရှေ့ မှာ နိမိတ် သက်သေတို့ကိုပြ လေ၏။
Exodus 7:10မောရှေ နှင့် အာရုန် သည် ဖါရော ဘုရင်ထံ သို့ဝင် ၍ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ပြု သဖြင့်၊ အာရုန် သည် ဖါရော ဘုရင်ရှေ့၊ သူ ၏ကျွန် များရှေ့ မှာ လှံတံ ကိုချ ၍ မြွေ ဖြစ် လေ၏။
Numbers 11:1တဖန် လူ များတို့သည် အလို တော်မရှိသော မြည်တမ်း ခြင်းကို ပြုကြသဖြင့်၊ ထာဝရဘုရား သည် သူတို့ စကားကိုကြား ၍ အမျက် ထွက်တော်မူ၏။ ရှို့တော်မူသောမီး သည် သူ တို့တွင် လောင် ၍ တပ် အစွန် အနား၌ ရှိသောသူအချို့တို့ကို သေ စေလေ၏။
Numbers 16:3မောရှေ နှင့် အာရုန် တဘက် ၌ စုဝေး လျက် ၊ သင်တို့သည် အမှုတော်ကို စောင့်လွန်း၏။ ပရိသတ် ရှိသမျှ အပေါင်း တို့သည် သန့်ရှင်း ကြ၏။ ထာဝရဘုရား သည် သူ တို့တွင် ရှိတော်မူ၏။ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရား ၏ပရိသတ် အပေါ် မှာ အဘယ်ကြောင့် ကိုယ်ကိုကိုယ်ချီးမြှောက် ရသနည်းဟု ဆို လေ၏။
2 Kings 19:4အသက်ရှင် တော်မူသောဘုရား သခင်ကို ကဲ့ရဲ့ စေခြင်းငှါ အာရှုရိ ရှင်ဘုရင် စေလွှတ် သော မိမိကျွန်ရာဗရှာခ စကား ကို သင် ၏ဘုရား သခင်ထာဝရဘုရား ကြား တော်မူပါစေသော။ သင် ၏ဘုရား သခင်ထာဝရဘုရား သည် ကိုယ်တော်တိုင်ကြား သော စကား ကို ချေတော်မူပါစေသော။ သင်သည်လည်းကျန်ကြွင်း သော လူတို့အဘို့ ဆုတောင်း ပဌနာပြုပါဟု ပြောစေခြင်းငှါ၊”