တောလည်ရာကျမ်း 14:10
ပရိသတ် အပေါင်း တို့သည်၊ ထိုသူ နှစ်ယောက်ကို ကျောက်ခဲ နှင့် ပစ် စေခြင်းငှါ စီရင် ကြ၏။ ထိုအခါ ထာဝရ ဘုရား ၏ဘုန်း တော်သည် ဣသရေလ အမျိုးသား အပေါင်း တို့ ရှေ့မှာ ပရိသတ်စည်းဝေး ရာ တဲ တော်၌ ထင်ရှား လေ ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 16:10အာရုန် သည် ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့အား ဆင့်ဆို သောအခါ၊ သူတို့သည် တော သို့ မြော် ကြည့်၍ ၊ မိုဃ်းတိမ် ၌ ထင်ရှား သော ထာဝရဘုရား ၏ ဘုန်း တော်ကို မြင် ရကြ၏။
Exodus 24:16ထာဝရဘုရား ၏ ဘုန်း တော်သည် သိနာ တောင် ပေါ် မှာထိ ၍ ၊ မိုဃ်းတိမ် သည် ခြောက် ရက် ပတ်လုံးလွှမ်းမိုး ၏။ သတ္တမ နေ့ရက် ၌ မိုဃ်းတိမ် အထဲ က အသံတော်ထွက်၍၊ မောရှေ ကို ခေါ် တော်မူ၏။
Leviticus 9:23တဖန် မောရှေ နှင့် အာရုန် တို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်ထဲ သို့ ဝင် ၍ ထွက် ပြီးမှ ၊ လူ များကို ကောင်းကြီး ပေးသဖြင့် ၊ ထာဝရဘုရား ၏ ဘုန်း တော်သည် လူ များတို့အား ထင်ရှား လေ၏။
Numbers 16:42ပရိသတ် အပေါင်းတို့သည် မောရှေ နှင့် အာရုန် တဘက် ၌ စုဝေး ကြသောအခါ ၊ ပရိသတ်စည်းဝေး ရာ တဲ တော်သို့ မြော်ကြည့် ၍ ၊ မိုဃ်းတိမ် သည် တဲ တော်ကို လွှမ်းမိုး ၍ ၊ ထာဝရဘုရား ၏ဘုန်း တော်သည် ထင်ရှား လေ၏။
Numbers 20:6မောရှေ နှင့် အာရုန် တို့သည် လူ အစုအဝေးမှ ထွက် ၍၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါးဝ သို့ သွား သဖြင့် ၊ ပြပ်ဝပ် လျက် နေကြစဉ်၊ ထာဝရဘုရား ၏ ဘုန်း တော်သည် ထင်ရှား လေ၏။
Matthew 23:37အိုယေရုရှလင် မြို့၊ ယေရုရှလင် မြို့၊ သင်သည်ပရောဖက် တို့ကိုသတ် မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ် သော သူ တို့ကိုလည်း ကျောက်ခဲ နှင့် ပစ်မြဲရှိ၏။ ကြက်မ သည် မိမိ သားငယ် တို့ကို အတောင် အောက် ၌ စုရုံး သကဲ့သို့ သင် ၏သား တို့ကို စုရုံး စေခြင်းငှာကြိမ်ဖန် များစွာငါအလိုရှိ ပြီ။ သင်မူကား အလို မ ရှိ။