တောလည်ရာကျမ်း 16:33
ထိုသူ တို့သည် ကိုယ်တိုင်မှစ၍၊ ဆိုင်သမျှ သောသူတို့ နှင့်တကွ ၊ အသက်ရှင် လျက် သေမင်း နိုင်ငံသို့ ဆင်းသက် ၍ ၊ သူ တို့အပေါ် မှာ မြေ စေ့ ပြန်သဖြင့် ၊ သူတို့သည် ပရိသတ် မှ ပယ်ရှင်း ခြင်းကိုခံရကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 9:15တပါးအမျိုးသား တို့သည် ကိုယ်တူး သော တွင်း ထဲ သို့ ကိုယ်ကျ ကြ၏။ ကိုယ်ဝှက်ထား သော ကျော့ကွင်း ထဲ မှာ ကိုယ် ခြေ တို့သည် ကျော့ မိကြ၏။
Psalms 55:23အိုဘုရား သခင်၊ အခြားသောသူ တို့ကို ဖျက်ဆီး ရာ တွင်း ထဲ သို့ချ တော်မူမည်။ လူ အသက်ကိုသတ် သောသူ နှင့် သစ္စာ ပျက်သောသူတို့သည် မိမိ အသက် တာတဝက် ခန့်မျှ မ ရှင်ရကြ။ အကျွန်ုပ် မူကား ၊ ကိုယ်တော် ၌ ခိုလှုံ ပါမည်။
Psalms 143:7အိုထာဝရဘုရား ၊ အလျင် အမြန်နားထောင် တော်မူပါ။ အကျွန်ုပ် သည် စိတ် ပျက် ပါပြီ။ မျက်နှာ လွှဲ တော်မူသဖြင့် ၊ တွင်း ထဲသို့ဆင်း သောသူကဲ့သို့ အကျွန်ုပ်ကို ဖြစ်စေတော်မ မူပါနှင့်။
Isaiah 14:15သို့ သော်လည်း၊ သင်သည်မရဏာ နိုင်ငံ၊ သင်္ချိုင်း တွင်း ထဲသို့ နှိမ့်ချ ခြင်းကို ခံရလေပြီ။
Ezekiel 32:30ထို အရပ်၌ မြောက် ပြည်မင်း ၊ ဇိဒုန် မင်းအပေါင်း တို့သည် ရှိကြ၏။ ကိုယ်တန်ခိုး ကို ရှက် လျက်၊ ထိတ်လန့် လျက် သေ သောသူတို့နှင့်အတူ ဆင်း သွားကြပြီ။ ထား ဖြင့် သေ သောသူတို့နှင့်အတူ အရေဖျား လှီးခြင်းကို မခံသော လူဖြစ်၍ အိပ် ကြ၏။ မြေတွင်း ထဲသို့ ဆင်းသက် သောသူတို့ နှင့်အတူအရှက်ကွဲ လျက် နေကြ၏။