တောလည်ရာကျမ်း 18:12
ဣသရေလအမျိုးသားရွေး၍ ထာဝရဘုရား အား ပူဇော် သမျှ အကောင်းဆုံး သောဆီ ၊ အကောင်းဆုံး သော စပျစ်ရည် ၊ အကောင်းဆုံးသော ဂျုံ စပါးကို သင် တို့အား ငါပေး ပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 23:19သင် ၏မြေ ၌ အဦး သီးသော အသီးအနှံအကောင်း ဆုံးကို၊ သင် ၏ဘုရား သခင်ထာဝရ ဘုရား၏ အိမ် တော်ထဲသို့ ဆောင် သွင်းရမည်။ ဆိတ် သငယ်ကို အမိ နို့ ရည်နှင့် မ ချက် မပြုတ်ရ။
Leviticus 2:12အဦး သီးသော အသီးအနှံကို ပူဇော် သော အမှုမှာ၊ တဆေးနှင့် ပျားရည်ကို၊ ထာဝရဘုရား အား ပူဇော် ရသော်လည်း ၊ မွှေးကြိုင် ရာဘို့ ယဇ် ပလ္လင်ပေါ် မှာ မီး မ ရှို့ရ။
Leviticus 23:17ထာဝရဘုရား အဘို့ အဦး သီးသော အသီး၊ တဆေး ဖြင့် ဖောင်းကြွသော မုန့်ညက် နှစ် ဩမဲနှင့် လုပ်သော ချီလွှဲ ရာမုန့် နှစ် လုံးကို သင် တို့အိမ် မှ ထုတ် ဆောင်ခဲ့၍၊
Numbers 15:19ထိုပြည် ၌ဖြစ်သော မုန့် ကို စား ကြသောအခါ ၊ ထာဝရဘုရား အား ချီမြှောက် ရာ ပူဇော်သက္ကာကို ဆက် ရမည်။
Deuteronomy 26:2သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသောပြည် ၌ အဦးသီး သော အသီး အမျိုးမျိုး ကိုယူ ၍ ခြင်တောင်း ၌ ထည့် ပြီးမှ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ နာမ တော်တည် စရာဘို့ ရွေးကောက် တော်မူသော အရပ် သို့ သွား ၍၊
2 Chronicles 31:5ထိုအမိန့် တော်ကို ဣသရေလ အမျိုးသား တို့ သည် အနှံ့အပြားကြားသိကြသောအခါ၊ အဦး သီးသော စပါး ၊ စပျစ်ရည် ၊ ဆီ ၊ ပျားရည် အစရှိ သော မြေ အသီးအနှံ ကို၎င်း ၊ အခြားသောဥစ္စာရှိသမျှ ဆယ်ဘို့ တဘို့ကို၎င်း၊ များစွာ ဆောင် ခဲ့ကြ၏။