တောလည်ရာကျမ်း 18:2
သင် ၏ ဘိုးဘ အဆွေအမျိုး ၊ လေဝိ အမျိုးသား ညီအစ်ကို ချင်းတို့သည်၊ သင် နှင့်အတူ ကူညီ ၍ အမှု တော်ကို ဆောင်ရွက်စေခြင်းငှါခေါ် ထားလော့။ သို့ရာတွင် သင် နှင့်တကွ သင် ၏သား တို့သည်၊ သက်သေခံ ချက် တဲ တော်ရှေ့မှာ အမှုတော်ကို ဆောင်ရွက်ရကြမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 29:34တဖန် ပဋိသန္ဓေ ယူပြန်၍ သား ကိုဘွားမြင် သော် ၊ ငါ့ လင် အား သား သုံး ယောက်ကို ငါဘွားမြင် သောကြောင့် ၊ ယခုတခါသူသည် ငါ နှင့်ပေါင်းဘော် လိမ့်မည်ဟု ဆို ၍ ၊ ထို သားကို လေဝိ အမည် ဖြင့် မှည့် လေ၏။
Numbers 3:9လေဝိ သားတို့ကို၊ အာရုန် နှင့် သူ ၏သား တို့၌ အပ် ရမည်။ ဣသရေလ အမျိုး ထဲက သူ တို့ကိုရွေး၍ ငါ့အား အပိုင်ပေး ရမည်။
Numbers 8:19သူတို့သည်လည်း ပရိသတ်စည်းဝေး ရာ တဲ တော် ၌ ၊ ဣသရေလ အမျိုးသား ဆောင်ရွက်ရသောအမှု ကို ဆောင်ရွက် စေခြင်းငှါ ၎င်း ၊ ဣသရေလ အမျိုးသား တို့သည် သန့်ရှင်း ရာ ဌာနတော်သို့ ချဉ်းကပ် သောအခါ ၊ ဘေးဒဏ် နှင့် လွတ် မည်အကြောင်း ၊ အပြစ် ဖြေခြင်းကို ပြုစေခြင်းငှာ ၎င်း၊ ဣသရေလ အမျိုး ထဲ က လေဝိ သားတို့ကို၊ အာရုန် နှင့် သူ ၏သား တို့အား စွန့်ကြဲ ပေးကမ်းသည်ဟု၊
Numbers 16:40ထိုသို့ အာရုန် အမျိုး မ ဟုတ် အခြား တပါးသော အမျိုးသား သည်၊ ထာဝရဘုရား ရှေ့ တော်၌ နံ့သာပေါင်း ကို မီးရှို့ ၍ ပူဇော်သောအားဖြင့်၊ ကောရ နှင့် သူ ၏ အပေါင်းအသင်း ကဲ့သို့ မ ဖြစ် စေမည်အကြောင်း၊ ထာဝရဘုရား သည် မောရှေ အားဖြင့် မှာထား တော်မူသည် အတိုင်း ၊ ထိုလင်ပန်းတို့သည် ဣသရေလ အမျိုးသား တို့ အား သတိပေး ရာနိမိတ်ဖြစ်ရကြ၏။
Numbers 18:4သူတို့သည် သင် တို့နှင့်အတူ ကူညီ ၍ ၊ ပရိသတ် စည်းဝေး ရာ တဲ တော်ကို စောင့် လျက်၊ တဲ တော်အမှု ရှိသမျှ ကို ထမ်းရကြမည်။ မ ဆိုင်သောသူသည် သင် တို့အနီး သို့ မချဉ်းမ ကပ်ရ။
2 Chronicles 30:16ဘုရားသခင် ၏လူ မောရှေ ပညတ် တရား၌ စီရင် သော ထုံးစံအတိုင်း ၊ မိမိ တို့နေရာ ၌ ရပ် နေလျက် ၊ ယဇ် ပုရောဟိတ်တို့သည် လေဝိ သားတို့ လက် မှ အသွေး ကို ယူ၍ ဖြန်း ကြ၏။