တောလည်ရာကျမ်း 19:9
စင်ကြယ် သောသူ တစုံတယောက်သည် နွားမ ၏ ပြာ ကို စုသိမ်း ၍ ၊ တပ် ပြင် မှာ စင်ကြယ် သော အရပ် ၌ ထား ရမည်။ ဣသရေလ အမျိုး ပရိသတ် အဘို့ စင်ကြယ် စေသော ရေဘော် ဘို့၊ ထိုပြာကို သို ထားရမည်။ အပြစ် နှင့် ကင်းစင်စေစရာဘို့ဖြစ် သတည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Numbers 6:12အရင်ခြားနား စေသော ကာလ ကို ထာဝရဘုရား အဘို့ တဖန် ခြားနား စေ၍၊ အခါမလည် သော သိုးသငယ် တကောင်ကို ဒုစရိုက် ဖြေရာ ယဇ်ပြု၍ ပူဇော် ရမည်။ အရင်ခြားနား ခြင်းပျက် သောကြောင့် ၊ လွန် သောကာလ ပျောက် ရမည်။
Numbers 9:13ညစ်ညူး ခြင်းမရှိ၊ အခြားတပါးသို့ ခရီး မ သွား သောသူသည် ပသခါ ပွဲကို မ ခံ ပဲနေလျှင်၊ ထို သူ ကို သူ ၏ အမျိုး မှ ပယ်ရှင်း ရမည်။ ချိန်းချက် သော အချိန်၌ ထိုသူသည်၊ ထာဝရဘုရား အဘို့ ပူဇော်သက္ကာ ကို မ ဆောင် ခဲ့ သောကြောင့်မိမိ အပြစ် ကိုခံရ မည်။
Numbers 19:18စင်ကြယ် သောသူသည်၊ ဟုဿုပ် ပင်ညွန့်ကို ရေ ၌ နှစ် ၍ တဲ ပေါ်မှာ ၎င်း၊ တန်ဆာ များ၊ တဲ၌ရှိ သောလူ များပေါ်မှာ ၎င်း၊ လူသေအရိုး ၊ သတ် ၍သေသောသူ၊ နာ ၍သေသောသူ၊ လူသင်္ချိုင်း ကို ထိ သောသူပေါ်မှာ ၎င်း၊ ထိုရေကို ဖြန်း ရမည်။
Numbers 31:23မီး ကိုခံနိုင် သော အရာ ရှိသမျှ တို့ကို မီး အလယ် ၌ သွား စေ သဖြင့် စင်ကြယ် စေရမည်။ သို့ရာတွင် စင်ကြယ် စေသောရေ ဖြင့် လည်း စင်ကြယ် စေရမည်။ မီး မ ခံနိုင် သော အရာရှိသမျှ တို့ ကို ရေ အလယ် ၌ သွား စေရမည်။
2 Corinthians 5:21အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည်အပြစ် နှင့် ကင်းစင် သောသူ ကို ငါ တို့အတွက် ကြောင့် အပြစ် ရှိသောသူဖြစ် စေတော်မူ၏။ အကြောင်းမူကား ၊ ငါ တို့သည်ထိုသူ အားဖြင့်ဘုရားသခင် ရှေ့တော်၌ ဖြောင့်မတ် သောသူဖြစ် မည်အကြောင်းတည်း။
Hebrews 7:26ထိုသို့သောယဇ်ပုရောဟိတ် မင်းသည် သန့်ရှင်း စင်ကြယ်၍ အညစ်အကြေး နှင့် ကင်းလွတ်လျက် အပြစ် ရှိသော သူတို့နှင့် မ ဆက်ဆံ၊ ကောင်းကင် သားအပေါင်းတို့ထက် မြင့်မြတ် သောသူဖြစ် ၍၊ ငါ တို့နှင့် တော် သင့်တော်မူ၏