တောလည်ရာကျမ်း 21:1
ဣသရေလ အမျိုးသည် အသရိမ် လမ်း ဖြင့် လာ ကြသည်သိတင်းကို တောင် မျက်နှာ၌နေ သောခါနာန် အမျိုး အာရဒ် မင်းကြီး ကြား လျှင် ၊ ဣသရေလ အမျိုးကို စစ်တိုက် ၍ လူအချို့ တို့ကို ဘမ်းဆီး သိမ်းသွားလေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Numbers 14:45ထိုအခါ တောင် ပေါ်မှာရှိ နှင့်သော အာမလက် အမျိုးသားနှင့် ခါနာန် အမျိုးသားတို့သည် ဆင်းလာ လျက် ၊ ဣသရေလအမျိုးသားတို့ကို တိုက် ၍ အောင်သဖြင့်၊ ဟောမာ မြို့တိုင်အောင် လိုက် ကြလေ၏။
Deuteronomy 2:32ထိုအခါ ရှိဟုန် မင်းသည် သူ ၏လူ အပေါင်း တို့ နှင့်တကွ ယာဟတ် မြို့မှာ ငါ တို့ကိုတိုက် ခြင်းငှါ ထွက် လာ၏။
Joshua 11:19ဟိဝိ လူ၊ ဂိဗောင် မြို့သား မှတပါး ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယ ဖွဲ့သော မြို့ တမြို့မျှမ ရှိ။ အခြားသော မြို့ရှိသမျှ တို့ကို တိုက် ၍ အနိုင်သိမ်းယူ ရကြ ၏။
Judges 1:16မောရှေ ယောက္ခမ ၏သား မြေးဖြစ်သော ကေနိ အမျိုးသားတို့သည်၊ ယုဒ အမျိုးသားတို့နှင့်အတူ စွန်ပလွံ မြို့မှ အာရဒ် မြို့ တောင် ဘက်၊ ယုဒ တော သို့ လိုက် သွား၍ နေရာကျ ကြ၏။