တောလည်ရာကျမ်း 22:12
ဘုရားသခင် ကလည်း၊ သင်သည် ဤလူ တို့နှင့်အတူ မ လိုက် မသွားရ။ ထိုလူမျိုး ကို မ ကျိန်ဆဲ ရ။ ကောင်းကြီး မင်္ဂလာကို ခံရသောလူမျိုးဖြစ်သည်ဟု ဗာလမ် အား မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 12:2ငါသည် သင့် ကို လူမျိုး ကြီး ဖြစ် စေမည်။ ငါ ကောင်းကြီး ပေး၍ သင် ၏နာမ ကို ကြီးမြတ် စေမည်။ သင် သည် ကောင်းကြီး ခံရသောသူဖြစ် လိမ့်မည်။
Numbers 22:19သို့ရာတွင် ထာဝရဘုရား သည် အဘယ်သို့ ထပ်၍ မိန့် တော်မူမည်ကို ငါသိ မည်အကြောင်း၊ ယနေ့ည မှာ ဤ အရပ်၌ နေ ကြပါဦးဟု ဗာလက် မင်းကျွန် တို့အား ပြန်ပြော ၏။
Numbers 23:13ဗာလက် မင်းကလည်း ၊ ဣသရေလအမျိုးသားအပေါင်း တို့ကို တပြိုင်နက်မ မြင် ရဘဲ တပိုင်း ကိုမျှသာ ကြည့်မြင် ရာ၊ အခြား သောအရပ် သို့ ငါ နှင့်အတူ လိုက် ပါ လော့။ ထို အရပ်၌ သူ တို့ကို ငါ့ အဘို့ ကျိန်ဆဲ ပါဟု ဆို လျက်၊
Numbers 23:23အကယ်စင်စစ် ယာကုပ် အမျိုးကို၊ ထူးဆန်း သော အတတ်အားဖြင့်မ နိုင်ရာ။ ဣသရေလ အမျိုးကို အဘယ်သူမျှမ ပြုစား ရာ။ ဘုရားသခင် သည် အဘယ်သို့ ပြု တော်မူပြီတကားဟု ယခု ကာလကို ထောက်၍ ယာကုပ် အမျိုး၊ ဣသရေလ အမျိုးကို ရည်ဆောင် လျက် ဆို လေ့ရှိ လိမ့်မည်။
Deuteronomy 7:14သင်သည် လူမျိုး တကာ တို့ထက် သာ၍ကောင်းကြီး ခံရသောသူဖြစ် ၍၊ သင် ၌ မြုံ သော ယောက်ျားမိန်းမတယောက်မျှ၊ တိရစ္ဆာန် တွင် မြုံသော အထီးအမ တကောင်မျှမ ရှိ ရ။
Deuteronomy 28:6မိမိအိမ်ထဲသို့ ဝင် သောအခါ မင်္ဂလာ ရှိ လိမ့်မည်၊ ပြင်သို့ထွက် သောအခါ မင်္ဂလာ ရှိလိမ့်မည်။