တောလည်ရာကျမ်း 23:5
ထာဝရဘုရား သည် ဗာလမ် နှုတ် ၌ စကား ကို ထား လျက် ၊ သင်သည် ဗာလက် မင်းထံသို့ ပြန် ၍ ဤသို့ ပြော လော့ဟု မိန့် တော်မူသည်အတိုင်း ၊
မြန်မာကျမ်းစာ
In The King James Version
And the LORD put a word in Balaam’s mouth, and said, Return unto Balak, and thus thou shalt speak.
In Context
Cross References
Exodus 4:15သင်သည် သူ နှင့် စကားပြော ၍ ၊ သူ ပြောစရာစကား ကိုပေး ရမည်။ သင် ၏နှုတ် ၌ ၎င်း ၊ သူ ၏နှုတ် ၌ ၎င်း ငါ ရှိ ၍ ၊ သင် တို့သည် အဘယ်သို့ ပြု ရမည်ကို သွန်သင် မည်။
Numbers 22:35ထာဝရဘုရား ၏ကောင်းကင် တမန်က၊ သူ တို့နှင့်အတူ လိုက် လော့။ သို့ရာတွင် ငါမှာထား သော စကား ကိုသာ ဟောပြော ရမည်ဟု ဗာလမ် အား မိန့် တော်မူ သည်အတိုင်း ၊ သူသည် ဗာလက် မင်း၏ ကျွန် တို့နှင့်အတူ လိုက် သွားလေ၏။
Deuteronomy 18:18သူ တို့အမျိုးသား ချင်းတို့အထဲ ၌ သင် နှင့် တူသော ပရောဖက် တပါးကို သူ တို့အဘို့ ငါပေါ်ထွန်း စေ၍ ၊ ထို ပရောဖက်နှုတ် ၌ ငါ့ စကား ကို ငါအပ် သဖြင့် ငါမှာထား သမျှ တို့ကို သူ တို့အား ဆင့်ဆို ရလိမ့်မည်။
Proverbs 16:9လူ သည် မိမိ သွားရာလမ်း ကို စိတ် ထဲမှာ ကြံစည် ၏။ သို့သော်လည်း သူ ၏ခြေရာ တို့ကို ထာဝရဘုရား စီရင် တော်မူ၏။
Isaiah 59:21သူ တို့၌ ငါ ကိုယ်တိုင်ပေးသော ပဋိညာဉ် တရား ဟူမူကား၊ သင် ၏အပေါ် မှာ ကျိန်းဝပ်သော ငါ ၏ဝိညာဉ် နှင့် သင် ၏နှုတ် ၌ ငါထား သော စကား သည်၊ ယခု မှ စ၍ ကာလအစဉ် အဆက် သင် ၏နှုတ် ၊ သင့် အမျိုး အနွယ်၏ နှုတ် နှင့် ၊ သင့် အမျိုး အနွယ်၏ အမျိုး အနွယ်၏နှုတ် ထဲက မ ထွက် မပျောက်ရဟု ထာဝရဘုရား မိန့် တော်မူ၏။
Luke 12:12အကြောင်းမူကား ၊ ထို ခဏခြင်း တွင် အဘယ်သို့ ပြော ရ မည်ကို သန့်ရှင်း သောဝိညာဉ် တော်သည် အကြံပေးမည် ဟု မိန့်တော်မူ၏။