တောလည်ရာကျမ်း 26:62
အသက် တလ လွန် ၍ စာရင်း ဝင်သော လေဝိ သား ယောက်ျား ပေါင်း ကား၊ နှစ်သောင်း သုံးထောင်ရှိသတည်း။ သူတို့သည် ဣသရေလ အမျိုးသား တို့နှင့်အတူ အမွေ မ ခံရ သောကြောင့် ၊ ရောနှော၍ စာရင်း မ ဝင်ရကြ။
မြန်မာကျမ်းစာ
In The King James Version
In Context
61နာဒပ် နှင့် အဘိဟု တို့သည် ထာဝရဘုရား ရှေ့ တော်၌ ထူးခြား သောမီး ကို ပူဇော် သောအခါ သေ ကြ၏။
Cross References
Numbers 1:47လေဝိ သားတို့သည်၊ ဘိုးဘ အမျိုး အလိုက် စာရင်း မ ဝင်ရသည် အမှုမှာ၊
Numbers 3:39ထာဝရဘုရား မှာထား တော်မူသည်အတိုင်း ၊ မောရှေ သည် လေဝိ သားတို့ကို အဆွေအမျိုး အလိုက် ရေတွက် ၍၊ အသက်တလ ကျော် ရှိသောယောက်ျား အပေါင်း ကား၊ နှစ်သောင်း နှစ်ထောင်ရှိသတည်း။
Numbers 18:23လေဝိ သားတို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်အမှု ကို ဆောင်ရွက် ၍ ၊ ကိုယ် အပြစ် ကို ကိုယ်ခံရ ကြမည်။ သူတို့သည် ဣသရေလ အမျိုးသား တို့နှင့် ရော၍ အမွေ မ ခံရ ကြဟု သင် တို့အမျိုး အစဉ်အဆက် စောင့်ရသော ပညတ် ဖြစ်သတည်း။
Numbers 35:2သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သူတို့သည် အမွေခံ သောမြေ၌ လေဝိ သားတို့နေ စရာဘို့ မြို့ တို့ကို၎င်း၊ မြို့ပတ်လည် နယ် တို့ကို၎င်း၊ ပေး ရကြမည်။
Deuteronomy 14:27သို့ရာတွင် ၊ သင် တို့၌ တည်းခို သော လေဝိ သား ဟူမူကား၊ သင် တို့နှင့် ရော၍၊ အဘို့ မရှိ၊ အမွေ ကို မ ခံရ သောကြောင့် ၊ သူ့ ကို မ စွန့် မပစ်ရဘဲ၊