တောလည်ရာကျမ်း 26:65
အကြောင်းမူကား ၊ ထိုသူတို့သည်တော ၌ အမှန် သေ ရကြမည်ဟု ထာဝရဘုရား မိန့် တော်မူပြီ။ ယေဖုန္နာ ၏သား ကာလက် နှင့် နုန် ၏သား ယောရှု မှတပါး ၊ အရင်းလူတယောက် မျှ မကြွင်း မကျန်ရ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 12:37ဣသရေလ အမျိုးသား မိန်းမနှင့် သူငယ် ကို မ ဆိုဘဲ၊ ယောက်ျား အရေအတွက်အားဖြင့်ခြောက် သိန်းခန့်မျှ ရှိသောသူတို့သည်၊ ရာမသက် မြို့မှ ထွက်၍ သုကုတ် အရပ်သို့ ခရီးသွား ကြ၏။
Numbers 14:28သင်သည် သူ တို့အား ဆင့်ဆို ရမည်မှာ၊ ထာဝရဘုရား က၊ ငါ အသက် ရှင်သည်ဖြစ်၍၊ သင်တို့သည် ငါ့ ကို ကြား စေခြင်းငှါပြော ကြသော စကားအတိုင်း သင် တို့ကို ငါပြု မည်။
Numbers 14:32သင် တို့မူကား ၊ ဤ တော ၌ သေ ၍ အသေကောင် ဖြစ်လျက်၊ နေရစ်ရကြလိမ့်မည်။
Numbers 14:38ထိုပြည် ကို စူးစမ်း ၍ သွား သောလူတို့တွင် နုန် ၏ သား ယောရှု နှင့် ယေဖုန္န ၏သား ကာလက် တို့သာ အသက် ချမ်းသာရကြ၏။
Deuteronomy 2:14ကာဒေရှဗာနာ အရပ်သို့ အရင်ရောက်သော ကာလမှစ၍ဇေရက် ချောင်း ကို ကူး သောကာလ တိုင်အောင် နှစ် ပေါင်းသုံး ဆယ်ရှစ် နှစ် လွန် သတည်း။ ထာဝရဘုရား ကျိန်ဆို တော်မူသည်အတိုင်း ၊ အရင်စစ်သူရဲ မျိုး အပေါင်းတို့သည် လူ အလုံး အရင်းထဲက သေကြေ ကွယ်ပျောက်ရကြ၏။
Joshua 5:4ထိုသို့ အရေဖျား လှီးမင်္ဂလာကို ပေးရသောအကြောင်း ဟူမူကား ၊ အဲဂုတ္တု ပြည်မှ ထွက် လာသောစစ်သူရဲ ယောက်ျား အပေါင်း တို့သည် တော ၌ သေ ကြ၏။