တောလည်ရာကျမ်း 29:39
ထိုသို့ သစ္စာ ဂတိရှိ၍ ပြုသောပူဇော်သက္ကာ၊ အလိုလို ပြုသော ပူဇော်သက္ကာ၊ မီးရှို့ ရာပူဇော်သက္ကာ၊ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာပူဇော်သက္ကာ၊ မိဿဟာယ ပူဇော်သက္ကာမှတပါး၊ ချိန်းချက် သော ပွဲတို့၌ ထာဝရဘုရား အား ထပ်၍ပူဇော် ရမည်ဟု မိန့်တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Leviticus 7:11ထာဝရဘုရား အား ပြုရသော မိဿဟာယ ယဇ် ပူဇော်ခြင်းတရား ဟူမူကား ၊
Leviticus 22:21သစ္စာ ဂတိရှိ၍ ပြုသောပူဇော်သက္ကာ၊ အလိုလို ပြုသော ပူဇော်သက္ကာ သိုး ၊ ဆိတ်၊ နွား ကို ထာဝရဘုရား အား ယဇ် ပူဇော် လိုလျှင် ၊ စိတ် တော်နှင့် တွေ့ခြင်းငှါ စုံလင် ရမည်။ အပြစ်တစုံတခုမျှ မရှိရ။
Leviticus 23:28ထို နေ့ ၌ အဘယ် အလုပ် ကိုမျှ မ လုပ် ရ။ သင် တို့ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ ကိုယ်အပြစ် ဖြေခြင်းကို ပြုရသောနေ့ ဖြစ်၏။
Numbers 6:21ဤရွေ့ကား ၊ သစ္စာ ပြုသော နာဇရိ လူသည်၊ အလိုအလျောက်တတ်နိုင် သမျှ မှတပါး၊ မိမိ ခြားနား ခြင်းအတွက် ၊ ထာဝရဘုရား အား ဆက်ရသောပူဇော်သက္ကာ နှင့် ဆိုင် သော တရား ပေတည်း။ သစ္စာ ပြုသည်အတိုင်း ၊ ခြားနား ခြင်းတရား နှင့်အညီ ပြု ရမည်ဟု မိန့်တော်မူ၏။
Deuteronomy 12:6ထို အရပ်သို့ သင် တို့သည် မီးရှို့ ရာယဇ်အစ ရှိ သော ယဇ် များ၊ ဆယ် ဘို့တဘို့ ပူဇော်သက္ကာ၊ ချီးမြှောက်ရာပူဇော် သက္ကာ၊ သစ္စာ ဂတိနှင့်ဆိုင်သော ပူဇော်သက္ကာ၊ အလိုလို ပြုသော ပူဇော်သက္ကာမှစ၍ ၊ သိုး နွား တွင် အဦး ဘွားသော သားငယ်တို့ကို ဆောင် ခဲ့ရကြမည်။
2 Chronicles 31:3ထာဝရဘုရား ၏ ပညတ္တိ ကျမ်း၌ ရေးထား သည် အတိုင်း ၊ နေ့ရက်အစဉ် နံနက် အချိန်၊ ညဦး ချိန်၊ ဥပုသ် နေ့၊ လဆန်း နေ့၊ ဓမ္မပွဲနေ့တွင် မီးရှို့ရာယဇ်ပူဇော်စရာဘို့၊ ဘဏ္ဍာတော်ထဲက ဥစ္စာတဘို့ကို ထုတ်၍လှူတော်မူ၏။