တောလည်ရာကျမ်း 33:3
ပဌမ လ တဆယ် ငါး ရက် နေ့၌ ရာမသက် မြို့မှ ထွက်လာ ကြ၏။ ပသခါ ပွဲကို ခံပြီးသောနောက်၊ နက်ဖြန် နေ့၌ ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု လူအပေါင်း တို့ရှေ့မှာ ဝါကြွား သောအခြင်းအရာနှင့် ထွက်လာ ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
2ထာဝရဘုရား အမိန့် တော်အတိုင်း မောရှေ မှတ်သား ၍ ၊ ထို ခရီးသွား ခြင်း အကြောင်းအရာပါသော စာရင်း ဟူမူကား၊
Cross References
Exodus 1:11ထို့ကြောင့် အဲဂုတ္တုမင်းတို့သည်၊ ကျပ်တည်းစွာ နှိပ်စက် ညှဉ်းဆဲစေခြင်းငှါ အအုပ်အချုပ် ခန့်ထား ကြ၏။ ဣသရေလလူတို့သည်၊ ဘဏ္ဍာတော်သို ထားဘို့ ၊ ပိသုံ မြို့ နှင့် ရာမသက် မြို့ကို တည်ဆောက် ရကြ၏။
Exodus 12:37ဣသရေလ အမျိုးသား မိန်းမနှင့် သူငယ် ကို မ ဆိုဘဲ၊ ယောက်ျား အရေအတွက်အားဖြင့်ခြောက် သိန်းခန့်မျှ ရှိသောသူတို့သည်၊ ရာမသက် မြို့မှ ထွက်၍ သုကုတ် အရပ်သို့ ခရီးသွား ကြ၏။
Exodus 14:8ထာဝရဘုရား သည်၊ ဖာရော ဘုရင် ၏ နှလုံး ကို ခိုင်မာ စေတော်မူသဖြင့် ၊ သူသည် ဣသရေလ အမျိုးသား တို့ကို လိုက် လေ၏။ သို့သော်လည်း၊ ဣသရေလ လူ တို့သည် ဝါကြွား သောအခြင်းအရာနှင့် ထွက်သွား ကြ၏။
Isaiah 52:12သင်တို့သည် အလျင်အမြန် မ ထွက် ရကြ။ ပြေး ၍ မ သွား ရကြ။ ထာဝရဘုရား သည် သင် တို့ရှေ့ ၌ ကြွ တော်မူမည်။ နောက်၌လည်း ဣသရေလ အမျိုး၏ ဘုရား သခင် သည် သင် တို့အကွယ် အကာဖြစ်တော်မူမည်။