တောလည်ရာကျမ်း 8:17
အဲဂုတ္တု ပြည် ၌ သားဦး အပေါင်း တို့ကို ငါသည် ဒဏ်ခတ် သောအခါ၊ ဣသရေလ အမျိုး တွင် လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ၊ သားဦး အပေါင်း တို့ကို ကိုယ် အဘို့ သန့်ရှင်း စေသောကြောင့် ၊ သားဦးအပေါင်းတို့ကို အထူးသဖြင့် ငါ ပိုင်ရမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
18တဖန် ဣသရေလ အမျိုး သားဦး အပေါင်း တို့ အတွက်၊ လေဝိ သားတို့ကို ငါယူ ၏။
Cross References
Exodus 12:29သန်းခေါင် အချိန်၌ ၊ ထာဝရဘုရား သည် နန်း ထိုင် သော ဖာရော ဘုရင်၏ သားဦး မှစ၍ ထောင် ထဲမှာ အချုပ် ခံရသောသူ ၏သားဦး တိုင်အောင် ၊ အဲဂုတ္တု ပြည် ၌ သားဦး ရှိသမျှ ကို၎င်း ၊ တိရစ္ဆာန် တို့၏ သားဦး ရှိသမျှ ကို ၎င်း ဒဏ်ခတ် တော်မူ၏။
Exodus 13:12သင်တို့၌ အဦး ဘွား သောသားအပေါင်း တို့နှင့် သင်တို့၌ရှိသောတိရစ္ဆာန် တို့၏ သားဦး အပေါင်း တို့ကို၊ ထာဝရဘုရား အဘို့ အသီးအခြားခွဲ ထားရကြမည်။ အထီး ရှိသမျှတို့သည်၊ ထာဝရဘုရား ၏ ဥစ္စာဖြစ် ရကြမည်။
Leviticus 27:14လူ သည် မိမိ အိမ် ကို ထာဝရဘုရား အဘို့ သန့်ရှင်း စေလျှင် ၊ ကောင်း မ ကောင်းရှိသည်အလျောက် ၊ ယဇ်ပုရောဟိတ် အဘိုး ပြတ်ရမည်။ ယဇ်ပုရောဟိတ် ပြတ်သည်အတိုင်း အဘိုး ရှိ ရမည်။
Numbers 3:13အကြောင်းမူကား ၊ အဲဂုတ္တု ပြည် ၌ သားဦး အပေါင်း တို့ကို ငါ သည် ဒဏ်ခတ် သောအခါ ၊ ဣသရေလ အမျိုးတွင် လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ၊ သားဦး အပေါင်း တို့ကို ငါ့ အဖို့ ငါသန့်ရှင်း စေသောကြောင့်၊ သားဦး အပေါင်း တို့ကို အထူးသဖြင့်ငါ ပိုင် ရ၏။ ငါ သည် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။
Psalms 105:36သူ တို့အစွမ်း သတ္တိ အထွဋ် အမြတ်တည်းဟူသောသူ တို့ ပြည် မှာ သားဦး အပေါင်း တို့ကို ဒဏ်ခတ် တော်မူ၏။
Ezekiel 20:12ထိုမှတပါး ၊ ငါ ထာဝရဘုရား သည် သူ တို့ကို သန့်ရှင်း စေသည်ဟု သူတို့သည် သိ မည်အကြောင်း ၊ ငါ နှင့် သူ တို့စပ်ကြား မှာ လက္ခဏာ သက်သေဖြစ် စေခြင်းငှါ ၊ ငါ ၏ ဥပုသ် နေ့တို့ကို ငါခန့်ထား ၏။