တောလည်ရာကျမ်း 9:15
တဲ တော်ကို ထူထောင် သောနေ့ ၌ ၊ မိုဃ်းတိမ် သည် တဲ တော်အပေါ် မှာ တည်၍၊ သက်သေခံ ချက် တဲ တော်ကို ဖုံးအုပ် လေ၏။ ညဦး မှစ၍ နံနက် တိုင်အောင် တဲ တော်ပေါ်မှာ မီး ကဲ့သို့ ထင်လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
16ထိုသို့ အစဉ် ဖြစ် ၍နေ့အချိန်၌မိုဃ်းတိမ် ဖုံးအုပ် လျက် ၊ ည အချိန်၌မီး ကဲ့သို့ထင်လျက်ရှိ၏။
Cross References
Exodus 14:19ထိုအခါ ဣသရေလ တပ် ရှေ့မှာ သွား သော ဘုရား သခင်၏ ကောင်းကင်တမန် သည် နောက်၌ လိုက် သဖြင့်၊ မိုဃ်းတိမ် တိုင် သည် သူ တို့ရှေ့ က ရွှေ့ ၍ နောက်၌ ရပ် နေလေ၏။
Exodus 33:9မောရှေ သည်တဲ တော်အထဲသို့ ဝင်ပြီးမှ၊ မိုဃ်းတိမ် တိုင် ဆင်းသက် ၍ တဲ တော်တံခါးဝ ၌ ရပ် သဖြင့် ၊ ထာဝရဘုရားသည် မောရှေ နှင့် နှုတ်ဆက် တော်မူ၏။
Exodus 40:17သက္ကရာဇ် နှစ်ခု ၊ ပဌမ လ ၊ ပဌမ နေ့၌ မောရှေသည် တဲ တော်ကို ဆောက် လေ၏။
Exodus 40:35ထိုသို့ မိုဃ်းတိမ်သည် ပရိသတ်စည်းဝေးရာ တဲ တော်အပေါ် ၌ နေ သောကြောင့် ၊ မောရှေ သည် အထဲသို့ မ ဝင် ရ။ ထာဝရဘုရား ၏ ဘုန်း တော်သည် တဲ တော်ကို ဖြည့် လျက်နေ၏။
Numbers 10:34သူတို့သည် နေ့ အချိန်၌ တပ် ချီ ၍ သွားသောအခါ ၊ ထာဝရဘုရား ၏ မိုဃ်းတိမ် သည် သူ တို့အပေါ် မှာ ရှိလေ၏။
Numbers 17:7မောရှေ သည် ထိုလှံတံ တို့ကို သက်သေခံ ချက် တဲ တော်အတွင်း ၊ ထာဝရဘုရား ရှေ့ တော်၌ တင် ထား လေ၏။