Obadiah 1:17
ဇိအုန် တောင် ပေါ် မှာ ဘေးလွတ် သောသူအချို့ ရှိ ကြလိမ့်မည်။ သန့်ရှင်း သောအရပ်ဖြစ် လိမ့်မည်။ ယာကုပ် အမျိုး သည် မိမိ ပိုင် ထိုက်သောမြေကို ပိုင် ရလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 4:3ထာဝရဘုရား သည် တရားစီရင် သောဝိညာဉ် ၊ မီးလောင် သောဝိညာဉ် တော်အားဖြင့် ၊ ဇိအုန် သတို့သမီး တို့၏အညစ်အကြေး ကို ဆေးကြော ၍၊ ယေရုရှလင် မြို့၏အသွေး ကိုမြို့ ထဲ က ပယ်ရှား တော်မူပြီးလျှင်၊
Isaiah 46:13ငါ ၏ဖြောင့်မတ် ခြင်းတရားကို အနီးသို့ ငါဆောင် ခဲ့မည်။ အဝေး ၌မ နေရ။ ငါ ၏ကယ်တင် ခြင်း ကျေးဇူးလည်း မ ဖင့်နွှဲ ရ။ ဇိအုန် တောင်ပေါ် မှာငါ၏ ကယ်တင် ခြင်း ကျေးဇူးကို၎င်း၊ ဣသရေလ အမျိုး၌ ငါ့ ဘုန်း ကို၎င်းငါထား မည်။
Isaiah 65:9ယာကုပ် အမျိုး ထဲက မျိုးစေ့ကို၎င်း၊ ယုဒ အမျိုးထဲက ငါ့ တောင် ကို အမွေခံ ရသောသူကို၎င်း ငါထုတ်ဘော် မည်။ ငါ ရွေးကောက် သောသူ တို့ သည် ပြည်တော်ကို အမွေခံ ၍ ၊ ငါ ၏ကျွန် တို့သည် နေ ရကြလိမ့်မည်။
Jeremiah 44:14အဲဂုတ္တု ပြည် သို့ သွား ၍ တည်းခို သော ယုဒ အမျိုးသားအကျန်အကြွင်း တို့သည် ယုဒ ပြည် သို့ပြန် ၍ နေချင်သော်လည်း၊ တယောက်မျှဘေး နှင့်မ လွတ်ရ၊ တယောက်မျှမကျန်ကြွင်းရကြ။ ဘေးလွတ် သော သူသာ လျှင် ပြန်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
Jeremiah 46:28ငါ့ ကျွန် ယာကုပ် မ ကြောက် နှင့်။ သင် နှင့်အတူ ငါ ရှိ၏။ သင့် ကို ငါနှင်ထုတ် သော တိုင်း နိုင်ငံရှိသမျှ တို့ကို ငါသည်ဆုံး စေသော်လည်း ၊ သင့် ကို မ ဆုံး စေ။ သို့ရာတွင်၊ ရှင်းရှင်းအပြစ် မ လွှတ်ဘဲ အတော်အတန်ဆုံးမ မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Ezekiel 36:12သင် တို့အပေါ်မှာ လူ များတည်းဟူသောငါ ၏ လူ ဣသရေလ အမျိုးသားတို့သည် သွား လာမည် အကြောင်းငါပြုမည်။ သူတို့သည် သင် တို့ကို သိမ်းယူ ၍ အမွေ ခံရ သဖြင့် ၊ နောက် တဖန် သင်တို့ကြောင့် သား မ ဆုံးရှုံးရကြ။