Obadiah 1:5
ညဉ့် အခါ သူခိုး ထားပြ တို့သည် သင် ရှိရာသို့ လာ လျှင် ၊ စိတ်ပြေလောက်အောင်သာ ခိုး ယူကြလိမ့်မည်မ ဟုတ်လော။ စပျစ်သီး ကို ဆွတ်သောသူတို့သည် လာ လျှင် ၊ သူတပါး လိုက်၍ ဆွတ် စရာဘို့ ကြွင်း စေကြလိမ့်မည်မ ဟုတ်လော။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 24:21သင် ၏စပျစ် ဥယျာဉ်၌ စပျစ်သီးကို ဆွတ် ယူ သောအခါ ပြန်၍ ကောက် သိမ်းခြင်းကို မ ပြုရ။ ကျန်ကြွင်းသောအသီးသည် တပါး အမျိုးသား၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ အဘို့ ဖြစ် ရမည်။
Isaiah 14:12အိုနံနက် သား ၊ မိုဃ်းသောက် ကြယ်၊ သင်သည် ကောင်းကင် က ကျ လေပြီတကား။ အပြည် ပြည်တို့ကို နှိပ်စက်သောသင်သည်၊ မြေ တိုင်အောင် ခုတ်လှဲ ခြင်းကို ခံရလေပြီတကား။
Isaiah 24:13ထိုသို့ပြည် တော်အလယ် ၊ ပြည်သား တို့တွင် ဖြစ်ရသော်လည်းသံလွင် ပင်ကို လှုပ် ၍ အသီးကို ရသကဲ့သို့ ၎င်း၊ စပျစ်သီးကို သိမ်းယူ သောနောက်၊ အကြွင်းအကျန်ကို ကောက် ရသကဲ့သို့ ၎င်း ဖြစ် လိမ့်မည်။
Jeremiah 49:9စပျစ်သီးကိုဆွတ် သောသူတို့သည် သင် ရှိရာသို့ လာ လျှင် ၊ သူတပါးလိုက်၍ ဆွတ် စရာဘို့ ကျန်ကြွင်း စေကြလိမ့်မည်မ ဟုတ်လော။ ညဉ့် အခါ သူခိုး လာလျှင် ၊ စိတ်ပြေလောက်အောင်သာ လုယူ ကြလိမ့်မည်မဟုတ်လော။
Lamentations 1:1စည်ပင် ခဲ့သော မြို့ သည် လူ ဆိတ်ညံလျက် ထိုင် လေသည်တကား၊ လူမျိုး တို့တွင် ကြီးမြတ် ဘူးသော သတို့သမီးသည် မုတ်ဆိုးမ ကဲ့သို့ ဖြစ် ၏။ အပြည်ပြည် တို့၏ သခင်မ သည် အခွန် ပေး ရ၏။
Zephaniah 2:15ထို မြို့ က၊ ငါ ရှိ၏။ ငါမှတပါး အဘယ် သူမျှမရှိ ဟု ဆို လျက်၊ သောက နှင့် ကင်းလွတ်၍ ဝမ်းမြောက် လျက် နေဘူးသော မြို့ဖြစ်ပါသည်တကား။ ယခုမှာ သုတ်သင် ပယ်ရှင်းရာ၊ သားရဲ အိပ် ရာအရပ်ဖြစ် ပါသည်တကား။ ရှောက် သွားသော သူအပေါင်း တို့သည် ကဲ့ရဲ့ သံ ကို ပြု၍ လက် ဖျားခါ ကြလိမ့်မည်။