Obadiah 1:7
သင် နှင့်မိဿဟာယ ဖွဲ့သော သူ အပေါင်း တို့ သည် ပြည် စွန်းသို့ နှင် ကြပြီ။ အဆွေ လုပ်သောသူ တို့ သည် သင့် ကို လှည့်စား ၍ နိုင် ကြပြီ။ သင် နှင့်အတူစားသောက် သော သူတို့သည် သင့် အောက် ၌ ကျော့ကွင်း ကို ထောင် ထားကြပြီ။ သင် ၏ ဉာဏ် ပညာ ကုန် ပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 41:10အိုထာဝရဘုရား ၊ သူ တို့အပြစ်ကို အကျွန်ုပ် ဆပ်ပေး နိုင်မည် အကြောင်း ၊ အကျွန်ုပ် ကို သနား ၍ ထမြောက် စေတော်မူပါ။
Isaiah 19:11အကယ်စင်စစ်ဇောန မင်း တို့သည် အရူး ဖြစ် ကြ၏။ ဖာရော ဘုရင်၏ တိုင်ပင် မှူးမတ် တို့သည် မိုက် သောအကြံ ကိုပေးကြ၏။ ကျွန်တော်သည် ပညာရှိ အမျိုး ၊ ရှေး ဘုရင် တို့ အနွှယ် ဖြစ်ပါသည်ဟု ဖာရော ဘုရင်အား အဘယ်ကြောင့် လျှောက် ကြသနည်း။
Jeremiah 4:30သင်သည် ပျက်စီး ခြင်းသို့ ရောက် သောအခါ အဘယ်သို့ ပြု လိမ့်မည်နည်း။ နီ မောင်း သော အဝတ်ကို ဝတ် သော်၎င်း၊ ရွှေ တန်ဆာ ကို ဆင် သော်၎င်း၊ သင် ၏ မျက်နှာ စုတ်ပဲ့ သည်တိုင်အောင်ဆေး သုတ်သော်၎င်း၊ သင်၏တင့်တယ် ခြင်းကို အချည်းနှီး ပြ၏။ သင်၏ ရည်းစား တို့သည် သင့် ကို စွန့် ၍၊ သင် ၏အသက် ကို သတ်ခြင်းငှါရှာကြံ ကြ၏။
Jeremiah 30:14သင် ၏မိတ်ဆွေ ရှိသမျှ တို့သည် သင့် ကို မေ့လျော့ ၍ မ မေး မရှာဘဲနေကြ၏။ သင့် အပြစ် သည် ကြီး ၍၊ သင်ပြုသောဒုစရိုက် သည် များပြား သောကြောင့် ၊ ရန်သူ ပေးတတ်သော အနာ နှင့်သင့် ကို ငါနာ စေပြီ။ ကြမ်းတမ်း သောသူ ပေးတတ်သော ဒဏ် ကို ငါပေးပြီ။
Jeremiah 49:7ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ဧဒုံ ပြည်ကို ရည်မှတ် ၍ မိန့် တော်မူသည်ကား၊ တေမန် ပြည်၌ ပညာ ကုန် သလော။ ပညာ သတိရှိသောသူတို့သည် အကြံ မပေးနိုင်သလော။ သူ တို့ဉာဏ် သည် ဆုံး သလော။
Ezekiel 23:22အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် ရွံရှာ သော ရည်းစား တို့ကို ငါ ထ စေပြီးလျှင်၊ အရပ်ရပ် တို့က လာ ၍ တိုက်စေမည်။