ဖိလေမုန်ဩဝါဒစာ 1:7
အချင်းငါ့ညီ ၊ သင် သည် သန့်ရှင်း သူတို့၏ စိတ် နှလုံးကို သက်သာ စေသောကြောင့် ၊ သင် ၏မေတ္တာ ကို ထောက်၍ငါတို့သည် အလွန် ဝမ်းမြောက် ချမ်းသာ ခြင်းရှိ ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
2 Corinthians 7:13ထိုကြောင့် သင်တို့၏ သက်သာ ခြင်းအကြောင်း အားဖြင့်၊ ငါတို့သည်လည်း သက်သာ ခြင်းသို့ရောက်သည် သာမက ၊ တိတု ၏ဝမ်းမြောက် ခြင်းအကြောင်း အားဖြင့်သာ၍အလွန် ဝမ်းမြောက် ကြ၏။ သင် တို့ရှိသမျှ သည် ထိုသူ ၏စိတ်နှလုံး ကို သက်သာ ဝမ်းမြောက်စေကြသည် ဖြစ်၍ ၊
1 Thessalonians 2:13ငါ တို့ဟောပြော သော ဘုရားသခင် ၏ နှုတ်ကပတ် တရားကို သင်တို့သည် ခံယူ ကြသောအခါ ၊ လူ ၏ နှုတ်ထွက်စကား ကို မခံမယူဘဲ၊ ဘုရားသခင် ၏ နှုတ်ကပတ် တော်အမှန် ဖြစ် သည်နှင့်အညီ ၊ ယုံကြည် ခြင်း သို့ရောက်သော သင် တို့အထဲ ၌ ပြုပြင်သော ဘုရားသခင် ၏ နှုတ်ကပတ်တရားကို ခံယူ ကြသည် အကြောင်း အရာကို ငါ တို့သည် အစဉ်မပြတ် ချီးမွမ်း ကြ၏။
1 Thessalonians 3:9ငါ တို့၏ ဘုရားသခင် ရှေ့ ၌ သင် တို့၏အကြောင်း ကြောင့် ငါတို့ခံရသော ဝမ်းမြောက် ခြင်းအပေါင်း ကို ထောက်၍၊ သင် တို့အကြောင်း ကြောင့် ဘုရားသခင် ၏ ကျေးဇူး တော်ကို အဘယ်သို့ ဆပ် နိုင် သနည်း။
Philemon 1:20အချင်းငါ့ ညီ ၊ သခင် ဘုရား၌ ငါ့ကို ကျေးဇူး ပြုပါလော့။ ခရစ်တော် ၌ ငါ့ စိတ်နှလုံးကို သက်သာ စေပါလော့။
3 John 1:3သင် သည်သမ္မာတရား ၌ ကျင်လည် သည်အတိုင်း သင် ၌ရှိသောသမ္မာတရား ၏အကြောင်းကို ညီအစ်ကို တို့သည်လာ ၍ သက်သေခံ ကြသောအခါ ၊ ငါသည် အလွန် ဝမ်းမြောက် ခြင်းရှိ၏။