ဖိလိပ္ပိဩဝါဒစာ 1:26
သင်တို့သည် ယုံကြည်ခြင်း၌ တိုးပွားဝမ်းမြောက်မည်အကြောင်း၊ ငါသည်ကိုယ်ခန္ဓာ၌နေ၍ သင်တို့ရှိသမျှနှင့် ပေါင်းဘော်ရမည်ဟု ငါသိ၏။
1835 Judson Burmese Bible
In The King James Version
That your rejoicing may be more abundant in Jesus Christ for me by my coming to you again.
In Context
Cross References
John 16:22ထိုနည်းတူ၊ ယခုတွင် သင်တို့သည် ဝမ်းနည်းခြင်းရှိကြသော်လည်း၊ နောက်တဖန်သင်တို့ကို ငါတွေ့မြင် သဖြင့် သင်တို့သည်စိတ်နှလုံးဝမ်းမြောက်ခြင်း ရှိကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကို အဘယ်သူမျှ လုယူ ဖျက်ဆီးခြင်းငှါ မတတ်နိုင်။
2 Corinthians 1:14အခြားသောအရာကို ငါတို့သည် ရေး၍ ပေးလိုက်သည်မဟုတ်။ သင်တို့သည် သခင် ယေရှုခရစ် ၏ နေ့၌ ငါတို့၏ဝါကြွားဝမ်းမြောက်ခြင်း အကြောင်းဖြစ် သကဲ့သို့၊ ငါတို့သည်သင်တို့၏ ဝါကြွားဝမ်း မြောက်ခြင်း အကြောင်းဖြစ်သည်ဟု သင်တို့သည်ငါတို့ကို အနည်း ငယ်အားဖြင့်ဝန်ခံသည်အတိုင်း အစဉ်ဝန်ခံကြလိမ့်မည်ဟု ငါတို့သည် မြော်လင့်လျက်နေကြ၏။
2 Corinthians 7:6သို့သော်လည်း နှိမ့်ကျလျက်ရှိသော သူတို့ကို သက်သာစေတော်မူတတ်သော ဘုရားသခင်သည်၊ တိတု ရောက်လာသောအားဖြင့် ငါတို့ကို သက်သာစေတော်မူ၏။
Philippians 3:1ကြွင်းသေးသော စကားဟူမူကား၊ ငါ့ညီအစ်ကိုတို့၊ သခင်ဘုရား၌ ဝမ်းမြောက်ခြင်းရှိကြလော့။ အထပ် ထပ် ငါရေးလိုက်သော်လည်း ပင်ပန်းခြင်းမရှိ။ သင်တို့မူကား လုံခြုံခြင်း ရှိကြလိမ့်မည်။
Philippians 4:4သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်း ရှိကြလော့။ တဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့။