ဖိလိပ္ပိဩဝါဒစာ 1:30
အကြောင်းမူကား၊ သင်တို့သည် အထက်ကမြင်သည်အတိုင်း၊ ယခုလည်း ကြားသည်အတိုင်း ငါခံရသော တိုက်လှန်ခြင်းကို ခံရသည်နည်းတူ၊ သင်တို့သည် ခံရကြသည်ဖြစ်၍၊ ခရစ်တော်ကို ယုံကြည်ခြင်းအခွင့်မှတပါး၊ ခရစ်တော်အတွက်ကြောင့် ဆင်းရဲခံရခြင်းအခွင့်ကို ကျေးဇူးတော်အားဖြင့် ရကြ၏။
1835 Judson Burmese Bible
In The King James Version
Having the same conflict which ye saw in me, and now hear to be in me.
In Context
Cross References
John 16:33သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ သို့သော်လည်းမစိုးရိမ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီဟု မိန့် တော်မူ၏။
Romans 8:35ခရစ်တော်၏ချစ်ခြင်းမေတ္တာနှင့်ငါတို့ကို အဘယ်သူကွာစေမည်နည်း။
1 Corinthians 15:30ငါတို့သည်လည်း ဘေးရောက်အံ့သော အခြင်း အရာနှင့် အဘယ်ကြောင့် တွေ့ရကြသနည်း။
Colossians 1:29ထိုသို့အလိုငှါ ငါသည် အမှုဆောင်ရွက်၍၊ ငါ၌ တန်ခိုးတော် ပြုပြင်အားထုတ်တော်မူသည်အတိုင်း ကြိုးစားအားထုတ်လေ့ရှိ၏။
1 Thessalonians 2:14အဘယ်သို့နည်းဟူမူကား၊ ယုဒပြည်၌ ယေရှုခရစ်၏ဘာသာကို ခံယူသော ဘုရားသခင်၏ သင်းဝင်သူ တို့သည် ယုဒလူတို့လက်မှ ဆင်းရဲခံရသကဲ့သို့၊ ညီအစ်ကိုတို့၊ သင်တို့သည် မိမိတို့ အမျိုးသားချင်းတို့ လက်မှ ထိုနည်းတူခံရသောအားဖြင့်၊ ယုဒပြည်၌ရှိသော တပည့်တော်ကဲ့သို့သောသူ ဖြစ်ကြ၏။
1 Timothy 6:12ယုံကြည်ခြင်းနှင့်ဆိုင်၍ ကောင်းစွာသော တိုက် လှန်ခြင်းကို ပြုလော့။ ထာဝရအသက်ကိုကိုင်ယူလော့။ ထိုအသက်ကိုရမည်အကြောင်း၊ သင်သည်ခေါ်တော်မူခြင်းကိုခံရ၍၊ သက်သေအများတို့ ရှေ့၌ကောင်းမွန်စွာ ဝန်ခံပြီ။