ဖိလိပ္ပိဩဝါဒစာ 2:16
မဖြောင့် မမှန်ဖောက်ပြန် သောလူမျိုး အထဲ ၌ အဘယ် အပြစ်မျှမပါသော ဘုရားသခင် ၏ သား ဖြစ်ကြ လိမ့်မည်။ အသက် ရှင်ခြင်းနှင့်ဆိုင်သော နှုတ်ကပတ် တရားတော်ကို ပြသ၍၊ စကြဝဠာ ၌ နေ၊ လ၊ ကြယ် နက္ခတ်ကဲ့သို့ ထိုလူမျိုး အထဲ ၌ ထွန်းလင်း ကြ၏။ သို့ပြုလျှင်ငါ သည် အကျိုး မရှိဘဲလျက် ပြေး သည်မ ဟုတ်၊ အကျိုး မရှိဘဲလျက် ကြိုးစား အားထုတ်သည်မ ဟုတ်ကြောင်း ကို ငါထောက်၍ ခရစ်တော် ၏နေ့ရက် ၌ ဝါကြွား ဝမ်းမြောက်ခြင်းရှိလိမ့်မည်။။
မြန်မာကျမ်းစာ
In The King James Version
In Context
15သို့ပြုလျှင် အပြစ်တင် ခွင့်မရှိ၊ အဘယ်သူကိုမျှ မ ပြစ်မှားဘဲနေ ၍ ၊
Cross References
Psalms 40:9ဖြောင့်မတ် ခြင်းတရားကို ပရိသတ် ကြီး အလယ် မှာ အကျွန်ုပ် ဟော ပါပြီ။ အိုထာဝရဘုရား ၊ အကျွန်ုပ် သည် ကိုယ်နှုတ် ကိုပိတ် ၍ မ နေကြောင်းကို ကိုယ်တော် သိ တော်မူ ၏။
Isaiah 49:4ငါ ကလည်း၊ အကျိုး မရှိဘဲ ငါလုပ် ဆောင်ရပြီ။ အချည်းနှီး သက်သက်ငါ့ ခွန်အား ကုန် ရပြီ။ သို့သော်လည်း ၊ ငါ့ အမှု သည် ထာဝရဘုရား ရှေ့တော်၌ရှိ၏။ ငါ ခံရသောအခ လည်း ငါ၏ဘုရားသခင်လက်တော်၌ရှိသည်ဟု ဆို၏။
Luke 12:8ငါဆို သည်ကား၊ အကြင်သူ သည် လူတို့ ရှေ့ မှာ ငါ့ ကိုဝန်ခံ အံ့။ ဘုရားသခင် ၏ ကောင်းကင် တမန်တို့ရှေ့ မှာ လူ သား သည် ထိုသူ ကိုဝန်ခံ မည်။
John 6:68ရှိမုန် ပေတရု က၊ သခင် ၊ အကျွန်ုပ်တို့သည် အဘယ်သူ ထံသို့ သွား ရမည်နည်း။ ထာဝရ အသက် နှင့် ယှဉ်သော စကား သည်ကိုယ်တော်၌ တည် ပါ၏။
Romans 10:8တဖန်ဆို သည်ကား၊ တရား တော်သည် သင် နှင့် နီး ၏။ သင် ၏ နှုတ် ၌ ၎င်း ၊ သင် ၏နှလုံး ၌ ၎င်း ရှိ သည်ဟု ဆို၏။ ထိုသို့ဆိုသော်၊ ငါတို့ ဟော သောယုံကြည် ခြင်းတရား ကို ဆိုလို သတည်း။
2 Corinthians 1:14အခြား သောအရာကို ငါတို့သည် ရေး ၍ ပေးလိုက်သည်မ ဟုတ်။ သင် တို့သည် သခင် ယေရှု ခရစ် နေ့ ၌ ငါတို့၏ဝါကြွား ဝမ်းမြောက်ခြင်း အကြောင်း ဖြစ် သကဲ့သို့ ၊ ငါ တို့သည်သင် တို့၏ ဝါကြွားဝမ်းမြောက်ခြင်း အကြောင်းဖြစ်သည်ဟု သင်တို့သည်ငါ တို့ကို အနည်းငယ် အားဖြင့် ဝန်ခံသည်အတိုင်း အစဉ် ဝန်ခံ ကြလိမ့်မည်ဟု ငါတို့သည် မြော်လင့် လျက် နေကြ၏။