ဖိလိပ္ပိဩဝါဒစာ 2:30
အကြောင်းမူကား ၊ သင် တို့သည် ငါ့ ကိုပြုစု ၍ မ ပြည့်စုံသေးသောဝတ်ကို သူသည် ပြည့်စုံ ခြင်းငှာ ၊ ကိုယ် အသက် ကို စွန့်စား ၍ ခရစ်တော် ၏အမှု ကြောင့် သေ ခြင်းသို့ ရောက် လုနီးပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Acts 20:24သို့ရာတွင် ဘုရားသခင် ၏ ကျေးဇူး တော်နှင့်ယှဉ်သော ဧဝံဂေလိ တရားကို သက်သေခံ စေခြင်းငှာ၊ သခင် ယေရှု ၏လက်မှ ငါခံ ခဲ့ပြီးသောဓမ္မဆရာ အမှုတည်းဟူသောငါ ဆောင်ရွက် ရသောအမှုကို ဝမ်းမြောက်စွာ ပြီးစီး စေမည်အကြောင်း ၊ ထိုညှဉ်းဆဲခြင်းအမှု တစ်စုံတစ်ခုကိုမျှ ငါသည်ပမာဏမ ပြု ၊ ကိုယ် အသက် ကိုလည်း နှမြော ခြင်းမရှိ၊
1 Corinthians 15:53ယခု မျက်မှောက်ပုပ် တတ်သော အရာသည် မ ပုပ်နိုင်သောအဖြစ်သို့ ဝင်စား ရမည်။ ယခု မျက်မှောက်သေ တတ်သော အရာသည် မ သေနိုင်သောအဖြစ်သို့ ဝင်စား ရမည်။
1 Corinthians 16:17သတေဖန် ၊ ဖော်တုနတ် ၊ အခါယကု တို့သည် ရောက်လာ သောကြောင့် ငါဝမ်းမြောက် ခြင်းရှိ၏။
2 Corinthians 12:15ငါ သည်သင် တို့ကို ချစ် ခြင်းမေတ္တာ စိတ်တိုးပွား သည်အတိုင်း သင်တို့သည် ငါ့ကိုချစ် ခြင်းမေတ္တာစိတ် ဆုတ်ယုတ် သော်လည်း ၊ သင် တို့ စိတ် ဝိညာဉ်၏ အကျိုး အလိုငှာ ငါသည်ကိုယ်ဥစ္စာကို၎င်း၊ ကိုယ်ကို၎င်း၊ ကုန်စေခြင်းငှာအလွန်စေတနာရှိ၏။
Philippians 2:17ထိုမျှမက၊ သင် တို့၏ယုံကြည် ခြင်းကို တင်လှူ ပူဇော်သော ယဇ် အပေါ်မှာ ငါ့ကိုလောင်း သော်လည်း ဝမ်းမြောက်ခြင်းရှိ၏။ သင်တို့ရှိသမျှ နှင့်အတူ ငါဝမ်းမြောက် ခြင်းရှိ၏။။
Philippians 4:10ယခု ၌လည်း သင်တို့သည် ငါ့ ကို ကြည့်ရှုပြုစုချင်သော စေတနာ စိတ်နှင့် ပြည့်စုံပြန်သည်ဖြစ်၍၊ ငါသည် သခင် ဘုရား၌ အလွန် ဝမ်းမြောက် ခြင်းရှိ၏။ ထိုစေတနာ စိတ်သည် အထက် ကရှိသော်လည်း ပြုစုရသောအခွင့် မရှိပြီ။။