ဖိလိပ္ပိဩဝါဒစာ 3:1
ကြွင်း သေးသော စကားဟူမူကား၊ ငါ့ ညီအစ်ကို တို့၊ သခင် ဘုရား၌ ဝမ်းမြောက် ခြင်းရှိကြလော့။ အထပ်ထပ် ငါ ရေး လိုက်သော်လည်းပင်ပန်း ခြင်းမ ရှိ။ သင် တို့မူကား လုံခြုံ ခြင်းရှိကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 12:18သင် တို့၏ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် ၌ ၊ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ရှေ့ မှာ ကိုယ်တိုင် မှစ၍ သား သမီး ၊ ကျွန် ယောက်ျားမိန်းမ ၊ တည်းခိုသော လေဝိသား တို့သည် စား ရကြမည်။ ပြု လေရာရာ ၌ သင် တို့၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်မှာ ရွှင်လန်း ခြင်းကို ပြုရကြမည်။
1 Samuel 2:1တဖန် ဟန္န သည် ပဌနာ စကားကို မြွက်ဆိုသည်ကား၊ ငါ့ စိတ် နှလုံးသည် ထာဝရဘုရား ကို အမှီပြု ၍ ရွှင်လန်း လျက်၊ ထာဝရဘုရား ကြောင့် ငါ့ ဦးချို မြင့် လျက် ရှိ၏။ ကယ်တင် ခြင်း ကျေးဇူးတော်ကြောင့် ဝမ်းမြောက် ၍၊ ရန်သူ တို့အား ဝါကြွားသောစကားကို ပြောရ၏။
1 Chronicles 16:10သန့်ရှင်း သော နာမ တော်၌ ဝါကြွား ဝမ်းမြောက်ကြလော့။ ထာဝရဘုရား ကို ရှာ သောသူတို့သည် စိတ် နှလုံးရွှင်လန်း ကြစေ။
1 Chronicles 29:22ထို နေ့ခြင်းတွင် ထာဝရဘုရား ရှေ့ တော်၌ စား သောက် ၍ ပျော်မွေ့ ခြင်းကို ပြုလျက်ဒါဝိဒ် ၏ သား တော် ရှောလမုန် ကို ရှင် ဘုရင်အရာ၌ ဒုတိယ အကြိမ် ချီးမြှောက် ၍ ထာဝရဘုရား အောက်မှာ မင်း ဖြစ်စေခြင်းငှါ၎င်း၊ ဇာဒုတ် ကိုယဇ်ပုရောဟိတ် ဖြစ်စေခြင်းငှါ၎င်း ဘိသိက် ပေးကြ၏။
Nehemiah 8:10သွား ကြလော့၊ မြိန် စွာသော အစာကိုစား ကြလော့။ ချို သော အရည်ကိုသောက် ကြလော့။ ဆင်းရဲ သောသူတို့ အား ဝေမျှ ကြလော့။ ဤသည်နေ့ရက်သည် ငါ တို့ ဘုရား ရှင်အဘို့ သန့်ရှင်း ၏။ ဝမ်း မ နည်းကြနှင့်၊ ထာဝရဘုရား ပေးတော်မူသောအခွင့်နှင့် အားယူ ၍ ဝမ်းမြောက် ကြလော့ဟု လူအပေါင်းတို့အား ဆို ကြ၏။
Psalms 5:11ကိုယ်တော် ကို ကိုးစား သောသူတို့ မူကား ၊ ဝမ်းမြောက်ကြပါစေသော။ စောင့်ရှောက်တော်မူခြင်းကို ခံရ၍ ဝမ်းမြောက်သည်နှင့် ကြွေးကြော်ကြပါစေသော။ နာမ တော်ကို ချစ် သောသူတို့သည် ကိုယ်တော် ကြောင့် ဝမ်းသာ ရွှင်လန်းခြင်း ရှိကြပါစေသော။